Saturday, May 15, 2010

ဖေဖေနဲ့မေမေ


♠ ဖေဖေက စစ်မြေပြင ဆိုတော့
သမီးက သူရဲကောင်းလေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ ဖေဖေက ဥယျာဉ်မှူး ဆိုတော့
သမီးက ပျိုးပင်လေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ ဖေဖေက ကဗျာဆရာလေး ဆိုတော့
သမီးက ကဗျာလေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ မေမေက ပန်းလေး ဆိုတော့
သမီးက ဝတ်မှုန်လေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ မေမေက ကောင်းကင်ကြီး ဆိုတော့
သမီးက ကြယ်ပွင့်လေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ မေမေက ပင်လယ်ပြင်ကြီး ဆိုတော့
သမီးက လှူိင်းကလေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ မေမေက သမီးရဲ့
ညတွေအတွက် လမင်း
♠ ဖေဖေက သမီးရဲ့
နေ့တွေအတွက် နေမင်း
♠ ဖေဖေရဲ့ ယုံကြည်မှုတွေကြောင့်
သမီး ရဲရင့် နေခဲ့တာပါ
♠ မေမေရဲ့ အားပေးမှု
သမီး သတ္တိတွေရှိခဲ့တာပါ
♠ ဖေဖေ ပျိုးထောင်ပေးခဲ့လို့
လောကအတွက်ဆေးဖက်ဝင်ပင်လေးဖြစ်လာခဲ့ပါပြီ
♠ မေမေ သင်ပေးတဲ့” ဝလုံး ”တွေကလည်း
ခုချိန်ထိသုံးမကုန်နိုင်သေးဘူး မေမေ
♠ စကြာဝ­­ဋာဆိုတာ ဘယ်လောက်ကြီးစမ်းပါစေ
ဖေဖေ မေမေ ရဲ့မေတ္တာတရားလောက်တော့
ဒီကောင်ကြီးခမ်းနားနိုင်မှာမဟုတ်ပါဘူး…….........

Friday, May 14, 2010

ဆုံမှတ်


သူနဲ့သူမ
တစ်နေရာဆီကလာပြီး
တစ်နေရာဆီကိုဦးတည်ခဲ့ကြ
အကြိုက်စရိုက် တူလို့
ဆုံမှတ် မှာသတိပြုမိတယ်
တွေ့တယ်
ငြိ တယ်
ညှိ တယ်
လွဲ တယ်
သူမ့အတွေးကို သူမသိ
သူ့အတွေးကို သူမ မသိ
သူက သူမှန် တယ်
သူမက သူမမှန် တယ်
ဒီလိုနဲ့ ကိုယ့်အတွေးနဲ့ကို မှန်လိုက် ကြတာ
လမ်းလွဲမှာ လမ်းခွဲလိုက်ရတဲ့အထိပဲပေါ့
သူကမ်းတဲ့ လက်ကို သူမပုတ်ချခဲ့ခြင်းမဟုတ်ပါ
မကမ်းခဲ့တဲ့ လက်ကိုလှမ်းဆွဲခွင့်မရှိတဲ့ မိန်းမတစ်ယောက် ဖြစ်နေခဲ့လို့ပါ………….

င်္family



I don't know when it started,
Or how it all began.
But God created families,
As only our Lord can.
He was teaching what it means,
To love, honor, and obey.
He wanted a strong bond,
That we don't see too much today.
He wanted someone to hold us,
And show respect for others.
He wanted someone who'd be gentle,
And so he created mothers.
He wanted someone strong,
A support filled with love.
And so he created fathers,
Sent from heaven up above.
Brothers and sisters came next,
With that, an instant friend.
Someone to look up to,
Someone on who to depend.
When he put them all together,
He was amazed at what he'd done.
He had created a family,
Mother, father, daughter, son.
But look at the family,
Created by only two.
How many we've become,
And all because of you.
We have a lot to be thankful for,
The memories through the years.
The many times together,
Full of laughter, full of tears.
I don't know where we'd be today,
If it weren't for the two of you.
To show us strength, support, and love,
Like only the two of you can do.

လိုက်မမှီခြင်း


ညှိုးငယ်နွှမ်းလျှစွာ သူ ဆိုခဲ့တယ်
သူရှာဖွေနေတာက
နောက်ဆုံးဘူတာ
ပန်းတိုင်
နိဂုံး
ရေကန်
အိမ်
နေရောင်ခြည်
သူ
နောက်ဆုံးဘူတာ ရောက်ခါနီးမှ
လမ်းလွှဲလိုက်တဲ့ ရထား

ပန်းတိုင် ရောက်ခါနီးမှ
ခြေချော်လဲတဲ့ အပြေးသမား

နိဂုံး ရောက်ခါနီးမှ
ဝှေ့လည်ကြောင်ပတ်ဖြစ်နေတဲ့ စာတစ်ပိုဒ်

ရေကန် တွေ့ကာမှ
အပွင့်မပွင့်ချင်တော့တဲ့ ကြာ

နားခိုစရာ အိမ် တွေ့ကာမှ
လေလွင့်ခြင်းမှာ ပျော်မွေ့ချင်တဲ့ တေလေ

နေရောင်ခြည်ကိုစောင့်ရင်း
အရေပျော်မှာ ကြောက်သွားတဲ့ ဝန်ရိုးစွန်း
သူက
လာပုံမသွင်းပါနဲ့
လွင့်ချင်ရာ လွင့်နေချင်တာတဲ့
လာမကာရံပါနဲ့
ဟင်းလင်းပြင် ထဲနေချင်တာတဲ့
လာလမ်းမပြပါနဲ့
လမ်းမမြင် ကမ်းမမြင် သွားရတာက ဖီလင် တစ်မျိုးတဲ့
လာမချိုမြိန်ပါနဲ့
ခပ်ခါးခါးပဲ ကြိုက်တာတဲ့
အထီးကျန်ခြင်းမှာနေသားကျပြီးသားပါ
အဖော်ဆိုတာခြေထောက်ပါလို့ရောက်လာခဲ့တာတဲ့………….

ကျွန်မချစ်သူ



သူက ….

ကျွန်မရဲ့…..

ပျောက်ဆုံး နေတဲ့ အခြမ်း

ရိုးသားစွာ ကျူးလွန် မိတဲ့ ပြစ်မှု

ကျေနပ်စွာ ပိတ်လှောင်ခံခဲ့တဲ့ ထောင်

ကျန်ရှိနေတဲ့ ဘ၀ရဲ့ နိဒါန်း

လိုအပ်ခြင်းတွေရဲ့ နိဂုံး

ဘ၀မောတွေ ချွေးသိပ်စေမဲ့ အိမ်ငယ်

အဆောင်အယောင်မရှိလည်း စီးမျောခွင့်ပေးတဲ့ မြစ်တစ်စင်း

ပေါ့ပါးရိုးရှင်းတဲ့ လွတ်လပ်မှူ

ကျွန်မဖြစ်လာမဲ့ နံရိုးတစ်ချောင်းရဲ့ ပိုင်ရှင်

သို့မဟုတ်

သူဖြစ်လာမဲ့ ကျွန်မ ရဲ့ နံရိုးတစ်ချောင်း