Saturday, May 15, 2010

ဖေဖေနဲ့မေမေ


♠ ဖေဖေက စစ်မြေပြင ဆိုတော့
သမီးက သူရဲကောင်းလေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ ဖေဖေက ဥယျာဉ်မှူး ဆိုတော့
သမီးက ပျိုးပင်လေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ ဖေဖေက ကဗျာဆရာလေး ဆိုတော့
သမီးက ကဗျာလေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ မေမေက ပန်းလေး ဆိုတော့
သမီးက ဝတ်မှုန်လေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ မေမေက ကောင်းကင်ကြီး ဆိုတော့
သမီးက ကြယ်ပွင့်လေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ မေမေက ပင်လယ်ပြင်ကြီး ဆိုတော့
သမီးက လှူိင်းကလေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ မေမေက သမီးရဲ့
ညတွေအတွက် လမင်း
♠ ဖေဖေက သမီးရဲ့
နေ့တွေအတွက် နေမင်း
♠ ဖေဖေရဲ့ ယုံကြည်မှုတွေကြောင့်
သမီး ရဲရင့် နေခဲ့တာပါ
♠ မေမေရဲ့ အားပေးမှု
သမီး သတ္တိတွေရှိခဲ့တာပါ
♠ ဖေဖေ ပျိုးထောင်ပေးခဲ့လို့
လောကအတွက်ဆေးဖက်ဝင်ပင်လေးဖြစ်လာခဲ့ပါပြီ
♠ မေမေ သင်ပေးတဲ့” ဝလုံး ”တွေကလည်း
ခုချိန်ထိသုံးမကုန်နိုင်သေးဘူး မေမေ
♠ စကြာဝ­­ဋာဆိုတာ ဘယ်လောက်ကြီးစမ်းပါစေ
ဖေဖေ မေမေ ရဲ့မေတ္တာတရားလောက်တော့
ဒီကောင်ကြီးခမ်းနားနိုင်မှာမဟုတ်ပါဘူး…….........

No comments:

Post a Comment