Wednesday, June 23, 2010

ရွာမှာလေ


အနေမလှပေမဲ့
မြေမခသွားတဲ့ " ကြိုဆိုပါဧ။် " ဆိုင်းဘုတ်ကြီးရှိတယ်။
မိုးဒဏ်လေဒဏ်ကြားက
တာဝန်မပြတ်ကာရံ ပေးနေတဲ့ ဝါးရုံတောတွေရှိတယ်။
မကြီးပွားပေမဲ့
မညည်းတွား တတ်တဲ့ တို့မေမေ ရှိတယ် ။
အကုန်မစွမ်း သာပေမဲ့
ကြုံလှမ်းရာ ကူညီပေးတတ်တဲ့ တို့ကိုကြီးမောင် ရှိတယ် ။
ချော့တမျိုး ခြောက်တမျိုး
အရက်ဖိုးပဲတောင်းတတ်တဲ့ (သောက်မျိုးမျိုး) ပထွေး ရှိတယ်။
ရပ်ရွာရေး ဆွေးနွေးမလိုနဲ့
အလှူခံ ပြီးပြန်လွှတ်တဲ့ သူကြီး ရှိတယ်။
ရင်းနှီးကျွမ်းဝင်သလိုနဲ့
ရရာ ကုပ်ဖဲ့ယူတတ်တဲ့ အိမ်နီးချင်းတွေ ရှိတယ်။
လူရိမ်မြင်တိုင်း
ဟောင်ယုံပဲ တတ်တဲ့ ကြီးတော် ရဲ့ခွေးတွေ ရှိတယ်။
ဘုန်းကြီးကျောင်း စားပြီး
ကြီးတော်နွား ကျောင်းနေတဲ့ ဝိတ်ပေါကြီး ရှိတယ်။
အရိပ် နေပြီး အခက်ချိုးရုံ မက
အမြစ်ပါ တူးချင်နေတဲ့ သူကြီးသားမတ် ရှိတယ်။
ရွာမှာလေ
ဘာတွေဘယ်လိုဖြစ် နေနေ
ရွာကိုချစ်တဲ့ တို့သူငယ်ချင်းတွေ ရှိတယ်
ပြီးတော့ တို့သိပ်ချစ် ရတဲ့ တို့မေမေရှိတယ်။ ။

No comments:

Post a Comment