Wednesday, September 22, 2010

ငပေ့ ပုံပြင်



နှောင်းသွားပေမဲ့ မဟောင်းသေးတဲ့အတိတ်

သူ့မှာရှိသလို ငါ့မှာလည်းရှိရဲ့

အရာရာတိုင်းကသူဖာသာသူစုန်ချီဆန်ချီ

တည်ဆောက်လိုက်ဖြိုချလိုက်

ရာသီစာတွေစားရင်း

အီလည်လည်ဖြစ်နေတဲ့ အချိန်က

ညှီဆော်မနံခဲ့တဲ့ ငါတို့အတိတ်ကိုလှောင်ပြောင်တယ်

ဘယ်တော့မှကျင့်သားမရမဲ့တူတူ

သံရောင်လိုက်ပြီးလည်းနေမပြချင်တော့ဘူး

ဥသြ ဆွဲနေပြီ… ဒါပေမဲ့ ငါ

ဆိုက်ပြီးသားဆိပ်ကမ်းကမထွက်ခွာနိုင်ခဲ့ဘူး

2 comments:

  1. ဟုတ်တယ်ဗျာ ဥသြသံကြားရတာတောင်မှ ကမ်းက ခုထိကို မခွာနိုင်ဘူး။
    ဒီတော့ ဘယ်မှ မရောက်ဘူး ဖြစ်နေပြီဗျာ။
    အတွေးနက်နက် ကဗျာလေးပါပဲ။

    ကဗျာလေး ဖတ်ရင်း လင့်ပါ ချိတ်သွားပါတယ်။

    ReplyDelete
  2. သီရိလေးစားနှစ်သက်ရတဲ့ Seniorစာရေးသူဆီကရလိုက်တဲ့ comment က
    အားဖြစ်စေပါတယ် စာတွေရေးဖို့ကိုယ့်ကိုကိုယ် ပိုယုံကြည်သွားသလိုပဲ

    ကျေးဇူးပဲ ကိုဇော်ရေ
    ကျန်းမာပျော်ရွှင်ပါစေ

    ReplyDelete