Showing posts with label မိသားစု. Show all posts
Showing posts with label မိသားစု. Show all posts

Wednesday, August 29, 2012

Your present is being awaited





The time is coming near
You have filled our life with joy
With your little kicks, and your heart beat that we hear
You have made such a change
That brought a love so dear
We promise to keep you safe
To protect you from all you may fear
There will be so many memories to make
That will be sure to bring mommy a tear

As we wait for your arrival
Your daddy kisses, and touches you
Always waiting for you to move and grow
When you finally do
His face light up with joy
You know his love for you is true

Your life will bring so much joy
Bringing all the family together
Making a family of our own
With a loving daughter, mother, and father Forever
Love you my little girl ............................

Tuesday, July 20, 2010

ညီမလေးသို့





ညီမလေးရေ

နင်လာမယ်ဆိုရင် Augest နဲ့ September လ လာခဲ့ပါ ။ ငါ့အထင် October, Novmber မှာ
အလုပ်သိပ်မပေါဘူး ။ ပြောလိုတော့ မရပါဘူး နင့်ရဲ့ကံ ပါပဲဟာ ။

နင်မလာခင် ၃ ပတ်လောက်အလိုငါ့ကိုကြိုပြောပါ ။နင်ဘက် က Visa လုပ်ဖို့ Invitation letter လိုတယ် ။

Singapore က visa တန်းလျှောက်ပေးလို့ရတယ် Singapore Government ကို S$၃၀ (၃သောင်း

ကျပ်နီးပါး ) ပေးပြီးonline ကလျှောက်ပြီး နင့်ဆီကို PDF file ပို့ပေး လို့ရတယ် ။

အကယ်၍ Visa လျှောက်ခ ၃သောင်း ကျပ် အောက်ဆိုရင် Invitation letter ပဲပို့ပေးပြီး sun fair (၂၈ လမ်း အောက်ဘလောက်) မှာ visa လုပ်ရင်းလေယာဉ် လက်မှတ်ဝယ်ပါ ။

သိပ်မကွာရင် ငါအပြီးအစီးလုပ်ပေးလိုက်မယ် ။

ဒီလ ၊ နောက်လ ရယ် ပြီးခဲ့တဲ့၂လလောက်က Singapore မှာအလုပ်အများဆုံးပဲ ။

နင်လာခါနီး ရင် ငါ့ကို pfingoနဲ့ Phone ခေါ် ပါ။ ဆူးလေ က Castle ( ၄၅ ကားဂိတ်နားက , AA pharmacy အပေါ်ထပ် ) က connection ကောင်းတယ် ။
အိမ်နား ဆိုင်က connection ကောင်းရင်ခေါ်ပေါ့ ။

ငါက နင်ဘာလုပ်လုပ်ကောင်းတာဆို ငါ အားပေးတယ် ။ ကြိုးစားကြည့်ပေါ့ ။

ဒီလာကြည့်တော့ရောက်ဖူးတာပေါ့ ။ ဒီကဘဝတွေကိုနင်သိမယ် ။ ငွေရှာလို့ကောင်းပေမဲ့ စိတ်ညစ်စရာ

ပင်ပန်းဆင်းရဲတာတွေ ရှိတယ် ။ ကြို သိအောင်ပြောပြတာ ။

Give & Take သဘောပေါ့ဟာ ။

ငါတို့ရဲ့ မိသားစုနှင့် ဝေးကွာခြင်း ဒုက္ခ ၊ ငယ်ရွယ်နုပျို တဲ့ အချိန် ၊ အတတ်ပညာ ၊ ကြိုးစားရုံးကန်မှု
တွေ ပေးလိုက်ရပြီး ။

သူတို့ဆီက ခောတ်မှီ စနစ်ကျတဲ့ အတွေ့အကြုံ ၊ နည်းပညာ ၊ လစာ ၁၅ သိန်း နီးပါးရ လိုက်တယ်ပေါ့ ဟာ ။

လစာ က များတဲ့ သူလဲ များကြတယ် ။ နဲ တဲ့ သူလဲ နဲတာပါပဲ ။ ကံ ဥာဏ် ဝရိယ ပေါ်ပဲ မူတည်ပါတယ်ဟာ ။

နင်လာရင် ငါ တိုက်ခန်းတစ်ခုလုံးငှားမလားလို့ ၊  တိုက်ခန်းခတစ်လစာရယ် ၊ ပွဲစားခရယ် ၊ Deposite ရယ်စုစုပေါင်း
ကို အိပ်ခန်းသုံးခန်း ဆို S$၆၀၀၀ လောက် ကုန်မှာဟ ။ အိပ်ခန်းနှစ်ခန်း ဆို S$၄၀၀၀
ဝန်းကျင်လောက်သုံးရလိမ့်မယ်
ဒါပေမဲ့ မပူပါနဲ့ငါ ပိုက်ဆံစုထားတယ် နင်ငါဆီ လာခဲ့ရင်ဆိုပြီးတော့လေ ။
သူများတိုက်ခန်း မှာနေရတာက ပိုက်ဆံပေးနေရတယ်ဆိုပေမဲ့ သူများမျက်နှာပဲကြည့်နေရတယ် ဟ ။
ဒါလည်းမလုပ်ရ ဟိုဟာလုပ်ရင်လဲမကြိုက်ချင် ။
တခါတုန်းကဆို

Microwave မီးဖိုနဲ့ ဟင်း ၃ ခါနွှေးမိပါတယ် အဲဒီ့ Microwave ကို ဗီဒိုထဲ ထဲ့သိမ်းပစ်လိုက်တယ် ။

ထပ်သုံးခွင့်မပေးတော့ဘူး ။ သူတို့လိုရင်တော့ အဲဒီ့ Microwave ကို ထုပ်သုံးတယ် ။ မျက်နှာမပူတတ်ဘူး ။

ကောင်းမလေးသုံးယောက်နေတော့ အနဲဆုံးတနေ့ကို ၃ ခါ လောက်တော့သုံးမှာပေါ့ ။

ဒါတောင် နေ့တိုင်းချက်စားတာ မဟုတ်ဘူး ။ အိမ်ရှင်ပစ္စည်းတွေ ဘာမှပျောက်ပျက်တာ မရှိပါဘူး ။


ရုံးပိတ်ရက်လေး နေမြင့်တဲ့ထိ အိပ်မယ်မကြံလိုက် နဲ့ အိမ်ရှင်ကလေးနိုးတာနဲ့ လိုက်ထဖို့ပြင် ပေတော့ ငိုတာမှ


သူငိုရင် ငါပါလိုက်ငိုချင်စိတ်ပေါက်တယ် ။

ကဲထားလိုက်ပါတော့ ဟာ အေ၇းမကြီးပါဘူး ခဏပေါ့ …

နင်ဒီကိုလာဖို့ စိတ်ထဲကရော လူေ၇ာ အဆင်သင့်ဖြစ်ရင် ငါကိုအကြောင်းကြားပါ ။

နင် အကြောင်းပြန်တာကိုစောင့်နေပေါ့မယ် ။

ငါနင့် ကိုမျှော်နေမယ် ညီမလေးေ၇………………………….

Friday, July 2, 2010

ဖေဖေ နဲ့မေမေသို့ (၃)


မေမေ ရေ သမီးကြီး နေမကောင်းဖြစ်နေတယ်။
မိုးမိတာလေ Singapore က ရူးကြောင်ကြောင်ရာသီဥတုကြောင့်ပေါ့။တခါတလေတော့လည်းသူကကောင်းရှာပါတယ်။
နေတိုင်းထီးယူနေကြ မိုးက ညစ်ပြီး ထီးယူတဲ့နေ့မှာမရွာဘဲ မယူတဲ့နေကြမှ နေကျစ်ကျစ် တောက်ပူရာကနေ ဝုန်းဆို
ပျော်ပျော်ကြီး ရွာချ ။ ရွာတာမှ တနေ့လုံး ။ မိုးစိုထားတဲ့ အဝတ်တွေနဲ့ တနေ့လုံး aircon ခန်းထဲ မှာ နှာချီလိုက် နှာညှစ်လိုက် စဉ်းစား သာကြည့်တော့ အလုပ်ကောင်းကောင်းလည်းမလုပ်နိုင်၊coffee သောက်တယ်၊ နှာချီတယ် ၊နှာညှစ်တယ၊် ကိုယ်နှာဖူးကိုယ်စမ်းပြီး မနက်ဖြန် MC ခွင့်ယူဖို့တွေးတယ် ။ တနေ့လုံး ဘာအလုပ်မှ မယ်မယ် ရရ မလုပ်ဖြစ်ခဲ့ပါ ။ ဒါကို ရုံးထဲ ၌ “ငုတ်တုတ် ထိုင်၍ ဗျာများခြင်း ” ဟုဆိုနိုင်ပါသည် ။တနည်းအားဖြစ် “ ကွန်ပျူတာရှေ့၌ နာဖျားခြင်း ” ။
ဘာကြောင့်ပဲဖြစ်ဖြစ် ဖျားတာမှနှစ်ရက်ဆက်တိုက် ဖျားနေတော့အိမ်ကို ပိုလွမ်းတယ်။ ပိုလွမ်းတော့ ဘာမှ မလုပ်ချင်တော့ဘူး ။ ဘာမှ မလုပ်ချင်တော့ ခွင့်ယူတယ် ။ပထမရက်က တကယ်ကြီးဖျားတာ။ ဒုတယရက်က ဖျားတာကနဲနဲ ဖျားတာကိုအကြောင်းပြပြီး လွမ်းတယ် လွမ်းတာကိုအကြောင်းပြပြီး အပျင်းထူတယ် ။ အကြောင်းအရင်းက အပျင်းထူလို့ခွင့်နှစ်ရက်ယူပါသည် ။
ဆေးခန်း တွင် >>>>>>>
ဆောင်ရန်
(၁) Tissue (၂) နှာရှူ ဗူး (၃) အနွေးထည် (၄) နွမ်းဖတ်ဖတ် မျက်နှာ (၄) အနဲဆုံး Singapore ဒေါ်လာ ၃၀
တောင်းရန် (၁) ဆေးခွင့်စာရွက် (၂) ဆေးဖိုး ပြေစာ
{ဆေးခွင့်စာရွက် က နေမကောင်းကြောင်း ထောင့်ခံစာ HR ကိုပေးဖို့ ။ ဆေးဖိုး ပြေစာ က ကုမ္ပဏီ က ဆေးဖိုး ပြန် တောင်း ဖို့}
ရှာဖွေ တွေ့ရှိ ခြင်း >>>>>>>
(၁) စလုံးမလေးတွေက ဖျားလည်း အလှပြင်နိုင်ကြတယ် ။စကပ်တို/ဘောင်းဘီတို ဝတ်နိုင်ကြတယ်။ {May be they have high Body resistance}
(၂) ဆရာဝန်တော်တော် များများ က လူနာစမ်းသပ် ခြင်းကို ၂ မိနစ်တွင်း ပြီးအောင်လုပ်နိုင်ကြ တယ်။
(၃)ဆေးခန်းကောင်တာ ထိုင်သူ တော်တော် များများ က အပေါက်ဆိုးပြီး စိတ်မရှည် သူတွေဖြစ် တယ်။
(၄)မြန်မာ အဆင့်မြင့် သံရုံး လို နာမည်ကို စပီကာနဲ့ မခေါ်ဘူး Digital counter နဲ့တုန်ကင် ဂဏန်းကိုပြပေးထား တယ်။
Private ဆေးခန်းသေးသေးတွေမှာတော့ ကောင်တာက နာမည် ခေါ်တယ်။ ခေါ်တာ တစ်ခါနဲ့မကြား၇င် မျက်စောင်းထိုးခံရတတ် တယ် ။
ဘာပဲဖြစ်ဖြစ် သီရိ ကတော့ MC ယူ၍ှနှစ်ရက်တာ လွတ်ငြိမ်းချမ်းသာခွင့်ရ သည်။ (korea movies ကြည့်မည်) ဇိမ် ပဲ ဇိမ်ပဲ ။။

Thursday, June 10, 2010

ဖေဖေ နဲ့ မေမေ သို့ (၂)

ဟယ်လို ဖေဖေ နဲ့ မေမေ
ဖြစ်နိုင်ရင် သီရိ နေ့တိုင်းဖုန်းဆက် ချင်ပါရဲ့ ဒါပေမဲ့ (1818) ဖုန်းကတ်ဖိုး နဲ့မမျှတဲ့ မဝတဝ ဖုန်းပြောချိန် ၂၃မိနစ် ရယ် မြန်မာပြည်ရဲ့perfect security connection ကြောင့် ခေါ်မရတာ ၊ ရပြန်တော့လည်း ကောင်းကောင်းမကြားရတာ၊
Connection ကောင်းလာပြီး ပြောလို့ အရှိန်လေးလည်းရလာရော ၂၃မိနစ်ပြည့်ဖို့ တစ် မိနစ်သာလိုပါတော့တယ် ဆိုတဲ့မကြားချင်ဆုံး ခပ်မာမာ လေသံကြီး ကြားရတော့တာပဲ ။ ဒီလိုနဲ့ တစ်ပတ်ကိုတစ်ခါလောက်ပဲဖုန်း ပြောဖြစ်တော့တယ်နော် ။
သီရိတို့ရဲ့ မြန်မာ ပြည် connection အကြောင်း ကို စကားလက်ဆုံကြတုန်း Philippine သူငယ်ချင်းမလေးနဲ့ Indian သူငယ်ချင်းမလေး ကိုပြောပြမိတော့ သူတို့အံ့သြ နေကြလေရဲ့ ။ သူတို့နိုင်ငံကိုခေါ်တဲ့ phonecard ကဈေးပေါပြီးInternet ကလည်း connection ကောင်းတယ်တဲ့။
Technological Institute တွေမှာ Internet connection မကောင်းရင်နင်ဘယ်လိုလုပ်ပြီး up to Date information တွေ နည်းပညာတွေ ဘယ်လိုလေ့လာမလဲတဲ့။ ဟုတ်ပါရဲ့ တယ်တော်တဲ့ငါပါ လား ဘယ်လိုလုပ် Engineer ဘွဲ့ရသွားပါလိမ့် ။ အဖြေရှိပါသည် မဖြေချင်ပါ ။ ကိုယ်ဖြေလိုက်သောအဖြေအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်မှာ ကိုယ်သာဖြစ်သည် “ကိုယ်ထူကိုယ်ထ” လမ်းစဉ်ကို တသွေမတိမ်း လိုက်နာရပေမည် ။ ဒါ့အပြင် ကိုယ့်ကိုမွေးဖွားပေးခဲ့သော အမိမြေရဲ့မကောင်းကြောင်း မပြောပြချင်ပါ။ ကောင်းကြောင်းကိုပဲကြွားလုံး ထုတ်ချင်တာ ဟာ သားသမီးတိုင်းရဲ့ချစ်စရာစိတ်ထားလေးပါပဲ ။
အဲ မေ့လို့သီရိပြောချင် တာသီရိအကြောင်း ဒီလိုစကားကြောရှည်လို့ အဓိကအကြောင်းအရာမရောက်ခင်“၂၃မိနစ်ပြည့်ဖို့ တစ် မိနစ်သာလိုပါတော့တယ် " ဖြစ်ဖြစ်သွားတာ ။
သီရိ ရဲ့NTU application အပယ်ခံရပြန်ပြီ ဖေဖေ နဲ့ မေမေ ဒီတစ်ခါပါဆို သုံးကြိမ်မြောက်ပဲ။ may be ကံတရား ကြောင့် ။ဒါမှမဟုတ် အမှတ်သိပ်မကောင်းလို့( ကိုယ်နဲ့ အမှတ်မတိန်းမရိမ်းတွေက ရလို့ကျောင်းတောင်ပြီးကုန်ကြပြီ)။ part time applicant မို့ singapore မှာworking experience over 2 year ရှိပြီးနေပြီပဲ ။ ဘာကြောင့်ပဲဖြစ်ဖြစ် မရတာကတော့ ၃ကြိမ် ၃ခါ ။ကျောင်းလျှောက်ဖို့ကို မုန်း တောင် မုန်းချင်လာပြီ ။ ဒါပေမဲ့ မျှော်တော့မျှော်လင့်ချင်သေးရဲ့ ။
သီရိ လိုချင်တဲ့အရာဆိုရင် အခြားသူတွေအတွက် လွယ်လွယ်ကူကူ နဲ့ရကောင်းရမယ် သီရိ အတွက်ဆိုရင် အမြဲလို အခက်အခဲ အနှောင့်အနှေး လေးအနဲနဲ့အများ ရှိလိုက်ရမှ ။ ဘယ်တောာ့မှ ကြိုးစားသလောက် အရာမရောက်ခဲ့ဘူး ။မှတ်မှတ် ရရ GTC ကျောင်းတက် တုန်းကလည်း စာမေးပွဲဖြေတိုင်း သီရိရွေးကျက်တဲ့အပိုဒ်ဆို မပါဘူး စိတ်ချ လို့ပြောရလောက်အောင်ပဲ ။
ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ပယ်ပယ် အရှံးရည် ဝ နေသူမို့ Doesn’t matter for me ပါ။ နောက်တစ်ကြိမ် မှာ သီရိ ရဲ့ application form လေး ကိုအလွတ်ရအောင် ထပ်ကြည့်ပေးကြပါအုန်း လို့
ပြန်ဆုံပါဦးမည် next intake ဆီ ။ ။

Friday, June 4, 2010

ဖေဖေ နဲ့ မေမေ သို့ (၁)

အိမ်ဝေးလေး သီရိ ဖေဖေ နဲ့ မေမေ ကိုလွမ်းတယ်.........
ဟိုသီချင်းထဲကလို အိပ်နေတဲ့အချိန်နဲ့ နိုးနေတဲ့အချိန် လေးပါပဲ။ သီရိ ခဏ ခဏ ညည်းပြလွန်းလို့သူငယ်ချင်းတစ်ယောက် က “နင်ဒီလောက်အိမ်ချစ်ရင် ဘာလို့ထွက်လာတာလဲ ဘယ်သူကအတင်းထွက်သွားခိုင်းလို့ လဲ ” တဲ့ သူပြောတာလဲ မှန်တာပဲလေ သီရိ နောက်ဆို မညည်းမိ အောင်ကြိုးစားရင်း လွမ်းပါ့မယ်။
ပတ်ဝန်းကျင်ကပြောတဲ့ ကိုယ့်အတွက် သင့်တော်မှန်ကန်တဲ့ ဝေဖန်မှုကို လက်ခံ ပြုပြင် နိုင်ခြင်းဟာ
ဘဝ မြုင့်တင်ရေး နည်းလမ်းကောင်း တစ်ခုပါပဲ
........

လူ့သဘာဝ တိုက်ဆိုင်တဲ့ အခါ အထီးကျန်သလိုခံစားရတဲ့အခါ ငယ်ငယ်ကအကြောင်းတွေ ပြန်တွေးပြီး ကြည်းနူးရင်းလွမ်းဆွတ်ရင်း အချိန်တွေကိုကုန်မြန်စေခဲ့တယ်။
ငယ်ငယ်တုန်းက ချူချာလွန်းတဲ့ကျွန်မကို ယတြာသဘောမျိုးနဲ့ မေမေ ကိုးကွယ်နေကြ ဘုန်းဘုန်း နဲ့၊ ဘိုးဘိုး ဘွားဘွား တို့ကို မွေးစားစေခဲ့ဖူးတယ်။ ဒါကြောင့် ကျွန်မမှာ မိဘများတယ်။
ဒါပေမဲ့ အနှိုင်းမဲ့မေတ္တာတွေနဲ့ ရင်အုပ်မကွာ စောင့်ရှောက်၊ ပြုစု ၊ပြိုးထောင်ပေးခဲ့တာကတော့ ကျွန်မ ရဲ့ ဖေဖေ နဲ့ မေမေ ပါပဲ ။
မွေးစားဖခင် ဘုန်းဘုန်း က “သားဦး စနေမီးလိုမွှေ” ဆိုတဲ့အတိုင်း မိမနိုင်ဖမနိုင်လောက်အောင် ဆိုးမှာဆိုးလို့ ဆိုပြီး ဖေဖေကို ဓါးထမ်းပြီး ကျွန်မပေါ်က ကျော်ခိုင်းတယ် နာမ်နှိမ်တဲ့ သဘောမျိုးနဲ့ ပေါ့
ဖေဖေ က ဒီလိုအယူအဆတွေကို လုံးဝမယုံကြည်ဘူး။ မိဘအပေါ်သိတတ်နားလည်ခဲ့တဲ့ ဒီဖေဖေ မေမေ က ပေါက် ဖွားတဲ့သားသမီးဟာလည်း မိဘအပေါ်သိတတ်နားလည် မှာပဲလို့ ဖေဖေ ယုံကြည်တယ် ။
ဖေဖေ ရဲ့ ယုံကြည်ပေးမှုတွေကြောင့် သမီး ဘယ်လိုအခက်အခဲပဲတွေ့တွေ့ တည်တည်ငြိမ်ငြိမ် နဲ့ရှေ့ဆက်နိုင်ခဲ့တယ်။ ကျေးဇူးပါဖေဖေ ။
ကျွန်မစိတ်က အဆိုးအသွမ်း လေး တစ်ယောက် လိုဖြစ်ချင်ဖြစ်လိမ့်မယ်။
ဖေဖေ နဲ့ မေမေ ရဲ့ မေတ္တာစွမ်း ကြောင့် ကျွန်မရဲ့ ဆိုးသွမ်းလိုတဲ့ စိတ်တွေ ငုတ်သျှိုး ပျောက်ကွယ်သွားခဲ့တာဖြစ် မယ်။ လူ့ပတ်ဝန်းကျင် အတွက် အသုံးမဝင်တဲ့ အဆိုးအသွမ်း လေး တစ်ယောက်မဖြစ်ခဲ့ပါဘူး ။ လောကကြီးရဲ့ ထောင့်တစ်နေရာမှာ ကိုယ်ပိုင်နေရာလေး တစ်ခုနဲ့ အစွမ်းကုန် ထွန်းလင်းခွင့် ရ နေပါပြီ ။
ကျေးဇူးပါ ဆိုတဲ့ ဝေါဟာရထက် ကြီးမြတ်တဲ့ ဂါရဝပြုခြင်းနဲ့ ပြန်လည်ပေးဆပ်ခွင့်ပြုပါ ဖေဖေ နဲ့ မေမေ ။

ဖေဖေ နဲ့ မေမေ ကို ချစ်တယ် ။သတိရတယ်။ လွမ်း တယ် ။
တစ်ခါလောက်တော့ ကျွန်မကိုညည်းတွား ခွင့်ပြုပါ သူငယ်ချင်း ။

Saturday, May 15, 2010

ဖေဖေနဲ့မေမေ


♠ ဖေဖေက စစ်မြေပြင ဆိုတော့
သမီးက သူရဲကောင်းလေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ ဖေဖေက ဥယျာဉ်မှူး ဆိုတော့
သမီးက ပျိုးပင်လေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ ဖေဖေက ကဗျာဆရာလေး ဆိုတော့
သမီးက ကဗျာလေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ မေမေက ပန်းလေး ဆိုတော့
သမီးက ဝတ်မှုန်လေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ မေမေက ကောင်းကင်ကြီး ဆိုတော့
သမီးက ကြယ်ပွင့်လေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ မေမေက ပင်လယ်ပြင်ကြီး ဆိုတော့
သမီးက လှူိင်းကလေး ဖြစ်ခွင့်ရခဲ့တာပေါ့
♠ မေမေက သမီးရဲ့
ညတွေအတွက် လမင်း
♠ ဖေဖေက သမီးရဲ့
နေ့တွေအတွက် နေမင်း
♠ ဖေဖေရဲ့ ယုံကြည်မှုတွေကြောင့်
သမီး ရဲရင့် နေခဲ့တာပါ
♠ မေမေရဲ့ အားပေးမှု
သမီး သတ္တိတွေရှိခဲ့တာပါ
♠ ဖေဖေ ပျိုးထောင်ပေးခဲ့လို့
လောကအတွက်ဆေးဖက်ဝင်ပင်လေးဖြစ်လာခဲ့ပါပြီ
♠ မေမေ သင်ပေးတဲ့” ဝလုံး ”တွေကလည်း
ခုချိန်ထိသုံးမကုန်နိုင်သေးဘူး မေမေ
♠ စကြာဝ­­ဋာဆိုတာ ဘယ်လောက်ကြီးစမ်းပါစေ
ဖေဖေ မေမေ ရဲ့မေတ္တာတရားလောက်တော့
ဒီကောင်ကြီးခမ်းနားနိုင်မှာမဟုတ်ပါဘူး…….........

Friday, May 14, 2010

င်္family



I don't know when it started,
Or how it all began.
But God created families,
As only our Lord can.
He was teaching what it means,
To love, honor, and obey.
He wanted a strong bond,
That we don't see too much today.
He wanted someone to hold us,
And show respect for others.
He wanted someone who'd be gentle,
And so he created mothers.
He wanted someone strong,
A support filled with love.
And so he created fathers,
Sent from heaven up above.
Brothers and sisters came next,
With that, an instant friend.
Someone to look up to,
Someone on who to depend.
When he put them all together,
He was amazed at what he'd done.
He had created a family,
Mother, father, daughter, son.
But look at the family,
Created by only two.
How many we've become,
And all because of you.
We have a lot to be thankful for,
The memories through the years.
The many times together,
Full of laughter, full of tears.
I don't know where we'd be today,
If it weren't for the two of you.
To show us strength, support, and love,
Like only the two of you can do.