Showing posts with label ရောက်တတ်ရာရာ. Show all posts

Tuesday, August 17, 2010
ကျောင်းတုန်းက (၂)
ကျောင်းတုန်းကလေ ကျွန်မမှာခင်ဖို့ကောင်းပြီး ဟာသတွေပြောတတ်တဲ့ ဝင်းထွဋ္ဋ် ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိ ခဲ့ဖူးတယ် ။
မျက်စိအားနည်းလို့မျက်မှန်တတ်မှ ဘယ်သူဆိုတာကွဲကွဲပြားပြားမြင်နိုင်တဲ့ကျွန်မ ။
မျက်မှန်မတတ်ပဲ ခပ်လှမ်းလှမ်းနေရာကတင် ဒါဝင်းထွဋ္ဋ်ပဲလို့ခွဲခြားသိနိုင်တယ် ။
ဘာကြောင့်လဲဆိုတော့ သူငယ်ချင်း ဝင်းထွဋ္ဋ်မှာ ထူးခြားတဲ့အသွင်အပြင် ရှိလို့ပဲပေါ့ ။
နှာတံချွန်ချွန် အသားဖြူဖြူ ခပ်ပိန်ပိန် နဲ့ ကချင်လွယ်အိတ်အမြဲလွယ်တတ်တယ် ။
လမ်းသွားတိုင်းပုဆိုး မပြီးသွားတတ်တယ် ။ ဘောလုံးကန်ကောင်းတယ် ။
ဒါက အခြားလူအချို့အချို့ မှာရှိတတ်တဲ့ သူ့မှာလည်းရှိတဲ့ ပုံမှန်အသွင်အပြင်လေးပါ ။
တနေ့ ကျွန်မတို့ Mechatronics မေဂျာ တစ်ခုလုံးကို ကျောင်းအုပ်ဆရာမကြီးဒေါ်တိုးတိုးသန်း ( ကျယ်ကျယ်မသန်းရ)က
အစည်းအဝေးခေါ်တယ် ။ စာမေးကြီးနီးပြီမို့ စာကောင်းကောင်းကြိုးစားကြဖို့ ရိုးရိုးသားသားဖြေဖို့ ခေါ်ဆုံးမတာပေါ့ ။ ။
စာမေးပွဲရှိတဲ့ မေဂျာတူ အတန်းတွေစုပြီးခေါ်တာ ဆိုတော့ အစည်းအဝေးခန်းထဲမှာ လူတွေ ကျိပ်ကျိပ် တိုးလို့ အစည်းအဝေးရှိတဲ့နေ့ဆို ပျက်ကွက် နာမည်စာရင်းထဲပါမှာစိုးလို့ ကျောင်းလာ တတ်ကြတယ်ထင်ပါရဲ့ ။
လာတတ်ကြတဲ့ကျောင်းသားတွေထဲမှာ တခါမှမမြင်ဖူးတဲ့ကျောင်းသားအချို့တောင်ပါသေးရဲ့ ။
ဒါကလည်း ဌာနမှူးရဲ့အစည်းအရုံးကောင်းလို့လည်းပါရဲ့ ။
ဌာနမှူး အဲဒီနေ့ကျောင်းတတ်ဖို့စည်းရုံးခဲ့ပုံက လက်ဆောင်တွေမဲဖောက်ပေးမယ် ၊ မုန့်ကြွေးမယ် ဆိုပြီးဆွယ်ခဲ့တာမဟုတ်ဘူးနော် ။
( သိတိပေးတားမြစ်ချက် >>> အခြားကျောင်းမှ ဆရာဆရာမများ မူပိုင်ခွင့်မရဘဲ မကျင့်သုံးရ မှော်ဘီ နည်းပညာကောလိပ် ဌာနမှူး ဦးXXXXX မူပိုင်)
“ မင်းတို့ အဲဒီနေ့ကျောင်းတတ်တဲ့သူကို ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းဖြည့်ပေးမယ် ”
ဌာနမှူး ပြောခဲ့တာက နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်မဟုတ်လား ။
ကျောင်းသားမလာလို့ ဌာနမှူး ဆရာမကြီး အပြောခံရ လွတ်မယ် ။
ကျောင်းလာတဲ့ကျောင်းသားတွေလည်း ကျောင်းခေါ်ချိန်ပြည့်မယ် ။
ကဲဘယ်လောက်ပညာသားပါတဲ့ စည်းရုံးနည်းလဲ
ဒါက ဌာနမှူး အကြောင်း ကြားဖြတ်ကြေငြာ …..
အဲဒီနေ့ ကျောင်းပျက်များတဲ့သူငယ်ချင်း ဝင်းထွဋ္ဋ် လည်း ကျောင်းခေါ်ချိန်ပြည့်ရေး အတွက် ကျောင်းေ၇ာက်လာခဲ့တယ် ။
ကျောင်းကားလွတ်သွားလို့ နောက်ကျမှကျောင်းရောက်တယ်
သူရောက်တော့ အစည်းအဝေးခန်းထဲ အားလုံးနေရာယူပြီးနေပြီ ။
ဆရာမကြီးကလည်း ဆင်ခပ်မြင်မြင့်လေးပေါ်က ထိုင်ခုံလေးမှာ နေရာယူပြီး
“ ငါ့ကျောင်းသားတွေတော်တော်လိမ္မာပါလား အားလုံးနီးပါးကျောင်းလာကြတယ်ကြည့်စမ်း ” ဆိုတဲ့ ပီတိအပြုံးနဲ့အားလုံးကိုဖြန့်ကျက်ပြီး ခပ်ရွှင်းရွှင်းကြည့်လို့ ။
အဲဒီလိုသာသာယာယာအချိန်လေးမှာ
သူငယ်ချင်း ဝင်းထွဋ္ဋ်က အစည်းအဝေးအခန်းရဲ့ တစ်ပေါက်တည်းသော မိန်းတံခါးပေါက်ကတဆင့်
ဆရာမကြီးထိုင်နေရာ ထိုင်ခုံတည့်တည့် အလယ်မိန်းလမ်းမကြီးကနေပေစောင်းစောင်းဝင်လာလေရဲ့ ။
ခုနကပြုံးပြုံးကြီးကြည့်နေတဲ့ဆရာမကြီး အစည်းအဝေးအခန်းထဲ နောက်ကျရောက်လာပြီး
ခေါင်းတစ်ချက်မငုံ့ပဲပေစောင်းစောင်းဝင်လာတဲ့သူ့အမူအရာကိုမြင်တော့မျက်နှာချက်ချင်းပျက်သွားတယ် ။
ပြီးတော့ ခပ်စူးစူးကြီး ဝင်းထွဋ္ဋ်ကိုကြည့်ပြီး
“ မင်းဘာလို့ ခေါင်းကိုပေစောင်းစောင်းလုပ်ပြီးဝင်လာရတာလည်း မင်းအပြင်မှာ ဘယ်လို ပေစောင်းစောင်းခပ်ရွဲ့ရွဲ့ နေနေ ငါရှေ့ မှာဒီလိုမနေသင့်ဘူး ဒါငါ့ကိုမထီမဲ့မြင်လုပ်တာပဲ ပြီးတော့ ဒါ အစည်းအဝေးခန်းကွ စည်းကမ်းရှိရှိ ရိုးရိုးကျိုးကျိုး နေရတယ်”
အဲဒီနောက် .....
ဝင်းထွဋ္ဋ် ဆ၇ာမကြီးကို ပေစောင်းစောင်းလေးပဲ ပြန်ကြည့်ပြီး
“ ဆရာမကြီး ကိုမထီမဲ့မြင်ပြုတာမဟုတ်ပါဘူး ကျွန်တော်ကမွေးရာပါခေါင်းစောင်းနေတာပါ ”
ကျောင်းသားအချို့က ဝါးကနဲ ရယ်ကြတယ် ။ အချို့က ဟင် အံ့သြစိုးထိတ်သံများထွက်ကျလာတယ် ။
ဆရာမကြီး မျက်နှာချက်ချင်းပြောင်းသွားတယ် တခုခုသူမှားသွားပြီဆိုတဲ့ အရိပ်တွေသူမမျက်နှာပေါ်မှာ အတိုင်းသားမြင်လိုက်ရ တယ် ။ ဆ၇ာမကြီးဆီကဘာစကားသံမှထွက်မလာခဲ့ပါဘူး ။
ဝင်းထွဋ္ဋ် လည်း အေးအေးဆေးဆေးပဲသူငယ်ချင်းတွေကြားတိုးကြိပ်ရောနှောထိုင်လိုက်ပါတယ် ။
အစည်းအဝေးခန်းတစ်ခုလုံးငြိမ်သက်တိတဆိတ်နေတာမို့နှစ်ဦးစလုံးစကားသံကို သဲသဲကွဲကွဲ ကြားလိုက်နိုင်ပါတယ်
အဲဒီအချိန် ကျောင်းသားတိုင်းမျက်လုံးက ဝင်းထွဋ္ဋ်နဲ့ ဆရာမကြီး တလှည့်စီကြည့်ရင်းဘာဆက်ဖြစ်မလဲ တွေးတောနေကြလေရဲ့ ။
ကျောင်းသားအချို့က ဒီပွဲကကြည့်မကောင်းဘူးတဲ့
အချို့က ဆရာမကြီးကိုအပြစ်တင်တယ် ဝင်းထွဋ္ဋ် ကိုဂရုဏာသက်ကျတယ်
ကျွန်မ ကတော့ ဆရာမကြီးကိုအပြစ်မတင်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဆရာမကြီးပြောလိုက်တဲ့ထဲမှာ သူတဖက်သားနစ်နာအောင်ဆိုတဲ့ ရည်ရွယ်ချက်မပါဘူး ။ မရည်ရွယ်ပဲဖြစ်သွားတဲ့အမှားလေးပါ ။
ပြီးတော့ အစည်းအဝေးအပြီးမှာ ဆရာမကြီး ဝင်းထွဋ္ဋ်နားကိုယ်ရောက်လာပြီး တောင်းပန်စကားဆိုခဲ့တယ် ။
အထက်လူက အောက်လက်ငယ်သားကို တောင်းပန်တယ်ဆိုတာ ရှားရှားပါးပါး ဖြစ်ရပ်စာရင်းထဲပါတယ်။
ဆရာမကြီးစီက ကျွန်မအမှတ်မထင်သင်ခန်းစာလေးရလိုက်ပါတယ် ။
“ ကိုယ်မှားတယ်ဆိုတာသိတာနဲ့ တောင်းပန်ရဲတဲ့သတ္တိဟာ ဘယ်လူတန်းစားမှာ မဆိုရှိသင့်ရှိထိုက်ပါတယ် ”
ဝင်းထွဋ္ဋ်ကို ကျွန်မချီးကျူးတယ် သူဟာလူငယ်မို့ဒေါသထွက်ကောင်းထွက်နေပေမဲ့ သူ့စိတ်ကိုယ်သူ အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တယ် ။
ပြီးတော့ကိုယ်ရဲ့အားနည်းချက်ကို လိုအပ်လာရင် အေးအေးဆေးဆေး ရှင်းပြကြေငြာရဲတဲ့သတ္တိလည်း ရှိတယ် ။
နင်စိတ်မဆိုးဘူးလားလို့ကျွန်မသူ့ကိုမေးတော့
“ ပညာရှိအမြတ် အပြင်မထွက် ” လို့သူရယ်ကျဲကျဲလေးနဲ့ဖြေခဲ့တယ်
Ps ; ဝင်းထွဋ္ဋ်ရေ ငါနင့်ကိုအမှတ်ရနေပါသေးတယ် သူငယ်ချင်းရေ ……….
Labels:
ရောက်တတ်ရာရာ
Tuesday, July 27, 2010
မသိချင်ဟန်ဆောင်ခြင်း နဲ့ Singapore
သူ လဲကျတာကို သင်ကသွားကူခဲ့ရင် သူအတွေးမှာ လဲသွားလည်းကူမဲ့သူရှိတာပဲ ဆိုပြီး မပ်မပ်ရပ်နိုင်ဖို့အားမစိုက်ချင်တော့ပဲ
ပြစ်လှဲလိုက်လိမ့်တယ်
လူလတ်ပိုင်းတစ်ယောက် ချော်လဲခဲ့ရင် မသိချင်ယောင်ဆောင်ပေးလိုက်ပါ………
သူ ပြန်ထဖို့ သူဖာသာကြိုးစားပါစေ ။ သူပြန်ထနိုင်တာ သင်သိသလို သူကိုယ်တိုင်လည်းသိတယ် ။ သင်သွားကူခဲ့ရင်တောင် သူကျေးဇူးတင်ချင်မှတင်လိမ့်မယ် ။ သူရှက်ပြီးသင်ကမ်းတဲ့လက်ကိုပုတ်ချကောင်းပုတ်ချလိမ့်မယ် ။ သင့်ရဲ့ မသိချင်ယောင်ဆောင်ပေးလိုက်ခြင်းဟာ သူပြန်ထဖို့ သူရဲ့ စိတ်ကိုသက်တောင့်သက်သာဖြစ်စေတယ် “ ငါချော်လဲတာဘယ်သူမှမသိလိုက်ဘူး ” ပဲ ။
(ချွင်းချက်။ ။ ဒီလိုဖြစ်ရပ်မျိုး သူငယ်ချင်းတွေကြား၊ ချစ်သူတွေကြား ကိုယ်နဲ့ရင်းနှီးသူတွေကြား မှာ မသိချင်ယောင်မဆောင်ပေးသင့်ပါ )
လူကြီးပိုင်းတစ်ယောက် ခြေချော်လဲခဲ့ရင် မသိချင်ယောင်မဆောင်ပါနဲ့………
ဖြစ်နိုင်သလောက်မြန်မြန် သွားကူလိုက်ပါ ။ (ချွင်းချက်။ ။စင်္ကာပူမှ အချို့အဒေါ်ကြီးများကိုသတိထား၍ ကူပါ ။ အထူးသဖြင့် မိတ်ကပ်များများ ခောတ်လွန်လွန် ဝတ်စားထားသူများ အား မကူရ)
ကိုယ်တွေ့ (၁) >>>>>>
ကျွန်မ ဈေးသွားပြီးအပြန် မိတ်ကပ်ထူထူအဒေါ်ကြီး တစ်ယောက်နဲ့ အဆောက်အအုံရဲ့ ထောင်ချိုးအကွယ်မှာ ဝင်တိုက်မိရော သူမမြင် ကိုမမြင်မို့ ဘယ်သူအပြစ်မှမဟုတ်ပါ ။ အထုပ်တွေနဲ့မို့ ကျွန်မအလောတကြီးမလျှောက်နိုင်ခဲ့ပါ ။ သို့သော် ကိုကလူငယ်ပေမို့ စပြီးတောင်းပန်လိုက်မိပါသည် ။
မှားပြီး ။မှားတာမှ ပိုးစိုးပတ်စက်ကိုမှားတာ ။
သူကျသွားတဲ့စာအုပ်ကိုကောက်ပေးရင်း (စာအုပ်နံမည်က God Bless You)
ကျွန်မ က “Sorry Aunty ”
ကျွန်မကောက်ပေးတဲ့စာအုပ်ကို သူ စောင့်ဆွဲယူရင်း
ကျွန်မကို အားနာဖို့နေနေသာ
အိပ်ထဲက ထွက်ကျပြီး သူ့ခြေဖဝါးအောက်ရောက်သွားတဲ့ ကျွန်မခရမ်းချဉ်သီးလေးကိုမှအားမနာ
သူမရဲ့စာအုပ်ကိုမှအားမနာ ၊ သူမ့ အသက်အရွယ်ကိုမှအားမနာ ။
သူမက “Don’t touch my book, crazy girl !!!! @@@@### ”
“ အောင်မလေးတော့ ငါနဲ့နော် ဖြစ်မှဖြစ်ရလေ ဒီနေ့ပိုးစိုးပတ်စက်ကံမကောင်းပါလား”
တကယ်ကို OMG (Oh My God) ပါပဲ …
အဲဒီမှာ ကျွန်မ ရဲ့ မသိဟန် မဆောင်တတ်ခြင်းက ဒုက္ခ လှလှပေးသွားတာပါ ။
ကိုယ်တွေ့ (၂) >>>>>>>
အိပ်ရာထ နောက်ကျတဲ့ နေ့တနေ့
ကျွန်မ ရုံးနောက်ကျနေပြီမို့ Toapa Yoh အိမ်ကနေ ကားမှတ်တိုင်ကို ခပ်သုတ်သုတ်လေး ထွက်လာခဲ့ပါတယ်
Enous ရုံးကိုသွားဖို့ စီးစရာကားက ၅၀၆ ၊ ၅၉ နှစ်စီးထဲ
နှစ်စီး လုံးက တစ်စီးလွတ်တာနဲ့ မိနစ်၃၀ စောင့်ပဲ
ဒါကြောင့် အပြေးမရပ်နိုင်ပဲ အပြေးအလွှား Busကားဂိတ်ဆီသို့ပေါ့
အဲဒီနေ့က ခပ်သွပ်သွပ်လေးပြေးနိုင်တာ အမေပို့ပေးလိုက်တဲ့ ပန်းသီးတံဆိပ် ခြေညှပ်ဖိနပ်လေးကျေးဇူးကြောင့်ပါ
အဲဒီ ခြေညှပ်ဖိနပ်လေးကို သက်တောင့်သက်သာဖြစ်လို့ ကြိုက်လွန်းလို့ ခဏခဏဝတ်စီးဖြစ်တယ်
ကျွန်မ ကားဂိတ်ကိုလည်းအရောက် ကံကောင်းထောင့်မစွာနဲ့ ၅၉ ကားကလည်းရောက်လာခဲ့ပါရဲ့
ဒါပေမဲ့ ကံဆိုးချင်တော့ ကားပေါ်လှမ်းအတက် နောက်ကစလုံးမတစ်ယောက် ကျွန်မ့ဖိနပ်ကို နင်းမိပါလေရော
ခြေလှမ်းအတက်မို့ ဖိနပ်လေးကို ခြေနဲ့ မညှပ်ထားနိုင်ခဲ့ပဲ ကားအောက်ကိုလွတ်ထွက်သွားပါလေေ၇ာ
ဖိနပ်လေးပြန်ကောက်ဖို့နောက်က စလုံးမလေးကိုတိုးဝှေ့ရပါသည် ။ ကျွန်မတိုး၍ သူမလေး က “Rubbish ” အရှပ်ထုပ် တဲ့
သူမ ကျွန်မ့ဖိနပ်ကို နင်းတာ ကားပေါ်ပါလာသော ကျွန်မ အနီးတဝိုက်မှလူများမြင်ပါသည် ။
ဒါကို မတောင်းပန်တဲ့အပြင် “အရှပ်ထုပ်” တဲ့
ကျွန်မ ငြိမ်ခံမနေခဲ့ပါ ကားပေါ်ကဆင်းရင်း “Shut up your mouth , stupid ” လို့ ခပ်ကျယ်ကျယ်လေး
စောင့်အော်လိုက်မိပါသည် ။
ကားပေါ်ပါသွားသော သူမလည်း “ @@@#### ” ကျွန်မဘာမှမကြားလိုက်ပါ ။
တကယ်တမ်း Fight မယ်ဆို ကျွန်မအဲလောက်ပြန်ပြောရဲမည်မထင်
ခုဟာက အမေပို့ပေးလိုက်တဲ့ ခြေညှပ်ဖိနပ်လေးဇောနဲ့ ပြန်ရန်တွေ့လိုက်နိုင်ခြင်းသာ ။
စိတ်ထဲကလည်း …………….
ဘယ်ရမလဲ “ ငါကွမြန်မာ ” ဟိ ဟိ …..
ဖိနပ်လေးပါမလာလို့ အဲဒီ ၅၉ ကားမစီးဖြစ်ခဲ့ပါ
ရုံးကိုလည်းနာရီဝတ်နောက်ကျမှ ရောက်ခဲ့ပါသည် ။
Labels:
ရောက်တတ်ရာရာ
Monday, July 26, 2010
မွေးနေ့..မွေးရက်များနဲ့ သူရဲ့ ဂုဏ်သတ္တိများ.

တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈ သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား...
နံပါတ် (၁)
မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..
ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတက်တယ်..ကြင်နာတက်တယ်..ဒေါသလွယ်တယ်..
ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်..
တွအားလုံးရဲ့အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်.. သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး.
မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်.. ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်..
အမြင်မတူတဲ့သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..
အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူတယောက်ဖြစ်ပေမယ့်..
မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..
မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူတယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို
မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော်များများကို မင်းက တဖတ်ကန်ခတ်အောင် သိနေတက်တယ်လေ..
ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတက်ပါတယ်...
ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှုကြောင့်ပါပဲ..
မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ..
ချစ်စဖွယ်သားသမီးတွေနဲ့ နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ.. ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..
မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8 ...သင့်တင်တဲ့သူတွေကတော့.. 3, 5, 7!!!
နံပါတ်(၂)
မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..
ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက သဘောကျသလိုမျိုးပေါ့..
ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...
မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...
မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို လိုက်ပြီး မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်..
တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို
ညက်ညောပြေပြစ်တယ်.
မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှ လထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆို
ရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက ပျောက်ကွယ်သွားတက်တယ်..
မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း ဖြစ်နိုင်ပါတယ်
(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).
တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာ အောင်မြင်မယ့်သူတစ်ဦးပါ...
အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!
တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.
မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...
မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ.. မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ
မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..
မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..
မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.
မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ...
မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..
လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...
မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9 ..တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!
နံပါတ် (၃)
နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို ကိုင်းရှိုင်းတက်သူတစ်ဦးပါ..
တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို လျှော့ကျဖို့လိုလားပေမယ့်..
ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..
မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ..
ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..
မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း ပြင်းထန်စွာကြိုးစွာနေရတက်တယ်..
မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....
အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်..
ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ နှစ်သက်လို့ပဲ.. အဲလိုလည်း
မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..
မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့ ပြိုင်ဘက်တယောက်လိုပဲ...
ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း..
မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...
မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..
မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက ကြာရှည်မခံပါဘူး..
ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ.. သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..
မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်.. သူရဲ့စေခိုင်းမှုအောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေနဲ့..
မင်းဟာ နပန်းလုံးနေရတက်တယ်...
မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ.. မိသားစုကို စောင့်ရှောက်တယ်..
သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့ အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့ မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်..
တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ.. ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေ
နဲ့ ပြည့်နေမှာပါ..
မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူ
ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ တစ်ဦးပါပဲ...
မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9. သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!
နံပါတ် (၄)
မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ..
အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ကံမကောင်းတက်ပါဘူး..
အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့..စကားပြောတာက ပွင့်လင်းလွန်းပါတယ်..
အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီ
အဝေးကို ပြေးသွားတက်ကြပါတယ်..
မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....
အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..
အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..
မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ.. အဝေးကို ပြေးသွားတက်ကြပါတယ်..
အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..
လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို ကူညီတက်တာပါပဲ..
မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..
မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..
မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်.. အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..
ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..
အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..
ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..
အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ
ထွန်းပေါက်နိုင်ပါတယ်..
မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ..
အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.သင့်တော်တဲ့သူတွေကတော့...5, 6, 7!!!
နံပါတ် (၅)
မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..
မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..
ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.
တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ်သူပါ..
ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..
မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..
တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ... မင်းဟာ နည်းနည်းတော့ မြှာပွေတက်ပေမယ့်..
ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ ရွှေးချယ်တက်သူပါ...
မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်.. သတိထားရမယ်အချက်ကတော့
မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့ ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...
မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..
ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့ မျက်နှာပိုင်ရှင်ပေါ့...
အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..
မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...
မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8!!!
နံပါတ် (၆)
အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..
မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..ဆိုလိုတာက မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..
မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..
မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့ လူတွေအပေါ်မှာသာ).....
ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်..
ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..
မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..
တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..
မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့ ရင်းရင်းနှီးနှီးနေရတာကို
နှစ်သက်တဲ့သူတဦးပါ..
အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..
ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..
ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ... စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..
အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်.. မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9. သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!
နံပါတ် (၇)
မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ..
မိမိကိုယ့်ကို ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ ထူးချွန်သူ တစ်ဦးပါ..
ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..
မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..
အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..
မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)
အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..
အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..
နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်..
အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ.... မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..
အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့.. ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင် ပေးထားတဲ့သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
မင်းတယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်.. ကြင်ဖော်ကို စောင့်စားနေတာထက်..
ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး ရှာထားသင့်ပါတယ်...အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို အထီးကျန်စွာ ဖြတ်သန်းသွားရမှာ အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်..
မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ
ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!
နံပါတ် (၈)
မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး..
သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့ ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့နုံချာနိုင်ပါတယ်..
အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေက
မင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..
ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.
မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့် အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.
ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီ.. ဘ၀ကိုလည်း..အထီးကျန်စွာ
ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..
မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့် အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်)
မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်..
မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်.. ဥပမာ..( အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ ကြုံတွေနိုင်ပါတယ်)
သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ.. ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..
အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..
မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ.. အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...
မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8. သင့်တော်တဲ့အဖော်မွန်ကတော့ 5!!!
နံပါတ် (၉)
မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..
မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ.. ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..
မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..
သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့ လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.
ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်.. မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..
စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ.. မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..
မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ.. ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..
မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..
ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့ လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..
မင့်ရဲ့မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့် မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..
မင်းဟာ လူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...
မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ် အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...
မင်းဟာ အံ့ဖွယ်စိတ်ကူးစိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..
မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9. သင့်တော်တဲ့ အဖော်မွန်ကတော့ 2!!!
အားလုံးပဲတိုက်ဆိုင်မှု့ရှိကြပါစေ......
ဇင်မျိုး
Ps : forward Mail လေးပါ ။

Friday, July 23, 2010
ကျောင်းတုန်းက (၁)
ဟိုးအရင် ကျွန်မကျောင်းတက်စဉ်က ကျောင်းဆိုင်းပုဒ်လေးပါ
ကျောင်းအမှတ်တရ ဆိုဒ်လေး ပါ http://gtchmawbi.ning.com/
မှတ်မှတ်ရရ ပထမဆုံး GTC (နည်းပညာကောလိပ် ၊မှော်ဘီ ) စတက်တဲ့နေ့
ပထမဦးဆုံးနေ့ဆိုတော့ ရှိုးအပြည့်နဲ့ပေါ့…….
ကျောင်းဂိတ်ပေါက် (အလယ်ဂိတ်) ကနေ စာသင်ခန်းထိ ၁၅မိနစ်လောက်လျှောက်ရတယ် ။ လမ်းလျှောက်လာရင်း
သြော် ငါတောင် ကောလိပ်ကျောင်းသူကြီးဖြစ်နေပြီ ၊ အင်ဂျင်နီယာကျောင်းကြီးတတ်ခွင့်ရပြီ လို့ …
ကြည်ကြည်နူးနူးလေးတွေရင်း လျှောက်လာနေခဲ့တာ ကျွန်မတက်ရမဲ့အဆောင်ရဲ့ခပ်လှမ်းလှမ်းအရောက်
ကျောင်းသားေ၇း၇ာကိုဖြတ်အလာ နောက်က ခပ်အုပ်အုပ် ခပ်သြသြ အဒေါ်ကြီးတစ်ယောက်အသံကြားလိုက်ရတယ် “ အသေးလေး ဟေ့ ရှေ့က အသေးလေး ”
ကျွန်မ့ နာမည် အသေးလေးမဟုတ်ပါ .............
ကျွန်မရှေ့ခပ်လှမ်းလှမ်းက ခပ်ပုပြတ်ပြတ် ကောင်မလေးတစ်ယောက် (အဲဒီတုန်းက မကြာခင် သူငယ်ချင်း ဖြစ်တော့မဲ့သူငယ်ချင်းတွေက ချစ်စနိုးခေါ်တဲ့ “ အပု ” )
သူမလည်း အပြေးလေးစာသင်ခန်းဆီလျှောက်နေလေရဲ့….
ကျွန်မအထင်အဲဒီ့ကောင်မလေးရဲ့ အမေ ဒါမှမဟုတ် အုပ်ထိန်းသူတစ်ယောက်ယောက်က သူမကို လှမ်းခေါ် နေတယ်ပေါ့
အဒေါ်ကြီးကလည်းအခေါ်မပြတ်ဘူး အဲဒီ့ကောင်မလေးကလည်း တစ်ချက်လေးတောင်လှည့်မကြည့်ဘူး
သုတ်ချေတင်နေလေရဲ့ ။
သူများကိုကူညီချင်တဲ့ ကျွန်မလည်း အဲဒီ့ကောင်မလေးကိုအမှီလိုက်ပြီး ပြောပေးဖို့ ခပ်သုတ်သုတ်လေး အပြေးနောက်က လိုက်ခဲ့တာပေါ့ ….
အဒေါ်ကြီးကလည်း အပြေးလေးနဲ့ခေါ်တုန်း “ အသေးလေး ဟေ့ရှေ့က အသေးလေး ”
ကျွန်မလည်း လှမ်းခေါ်ပေးမိပါရဲ့ “ အသေးလေး ဟေးရှေ့က အသေးလေး ”
ပထမဦးဆုံးနေ့ဆိုတော့ ရှိုးအပြည့်နဲ့ စကပ်ရှည် နောက်ကွဲလေးဝတ်လာခဲ့မိတော့ နဲနဲခြေလှမ်း လှမ်းရခက်တယ်
ဟိုကောင်မလေးက ထမီလေးနဲ့ဆိုတော့ ခြေလှမ်းခပ်ကျဲကျဲလေး လျှောက်နိုင်တာပေါ့ ။
ဒါကြောင့် ပြေးတော့လိုက်တာပဲ မှီမလိုနဲ့ မမှီလိုက်ဘူး
ထူးဆန်းပါရဲ့နောက်ကလူနှစ်ယောက်လုံး ခေါ်နေတာတောင် တစ်ချက်လေးလှည့်ကြည်ဖော် မရ တဲ့ သူမကို အံ့သြမိပါရဲ့
ဒါပေမဲ့ သူမလေးဝင်သွားတဲ့ အခန်းက ကျွန်မ ရဲ့ အခန်းပဲမို့ ဟိုအဒေါ်ကြီးကိုခေါ်သွားပေးနိုင်ပါရဲ့
ဒီလိုနဲ့ ကျွန်မ လိုက်ခေါ်ပေးဖို့ ကိုလက်လျော့လိုက်ပါတယ် ပုံမှန်ခြေလှမ်းခပ်စိပ်စိပ်လေးလှမ်းရင်း အဒေါ်ကြီးကိုစောင့်ခေါ်ဖို့
ကြံလိုက်ပါတယ် ။
အဲဒီမှာငါးပါးမှောက်တာပဲ …..
အဒေါ်ကြီးက ပြေးလိုက်ပေးတဲ့ ကျွန်မကို အပြုံးနဲ့မဆီးကြိုပဲ volt အားတစ်ထောင်မျက်လုံးကြီးနဲ့ စူးစူးကြီးစိုက်ကြည့်ပြီး
“ညည်း ကို အော်ခေါ်နေတာ မကြားဘူးလား”
ကျွန်မကိုခေါ်နေတာတဲ့
ညည်း တဲ့ ညည်းဆိုတဲ့အသုံးအနှုန်းနဲ့ ကျွန်မနဲ့တော်တော်ကိုစိမ်းနေတာအမှန်ပဲ နားထဲကြားရတာ ကိုးလိုးကန့်လန့် …..
စိတ်ထဲကတောင် အောင်မယ်လေး တမိပါ၇ဲ့
အသားညိုညို အဲဒီ့ အဒေါ်ကြီ:က ခပ်နွမ်းနွမ်းပါတိတ်ထမီ နဲ့ ယောဂီရောင် ရင်ဖုံးအင်္ကျီ ဝတ်ပြီး အညာတဘက်ကြီးခြုံလို့
ကျွန်မ့ အမေထက်တောင်အသက်ကြီးမဲ့ပုံပေါက်တယ်
သူ့ကြည့်ရတာ ပြေးလိုက်ရလို့ မောပြီး ဒေါသထွက်နေလေရဲ့
“ ညည်း ကျောင်းအပ်တုန်းက ကျောင်းစည်းကမ်း ဖောင် မှာလက်မှတ်မထိုးခဲ့ဘူးလား ”
ကဲကြည့် သူမဘယ်သူဆိုတာ အရင်မိတ်မဆက်ပဲ ကျွန်မကို ဟိုမေးဒီမေး နဲ့
ကျွန်မလည်း ဘာမသိညာမသိ အားနားပါးနာနဲ့ “ ဟုတ်ကဲ့ ထိုးခဲ့ပါတယ် ဘာဖြစ်လို့လဲဟင် အန်တီ ”
အူကြောင်ကြောင် ကျွန်မ အဲလိုပြန်မေးမိတော့
“ညည်း သေချာစာမဖတ်ခဲ့ဘူးလား ဒီကျောင်းတတ်ရင် စကပ်မဝတ်ရဘူး ဆံပင်အရောင်မ ဆိုးရဘူးလေ ”
“ ဟုတ်ကဲ့ ကျောင်းတတ်ချင်ဇောနဲ့ လက်မှတ်သာထိုးခဲ့တာ စာသေချာမဖတ်ခဲ့မိဘူးရှင့် ”
သူ့မ ကို ကျွန်မ ပြူးကြောင်ကြောင်ကြည့်ရင်း အဲ့ဒီလိုဖြေလိုက်တော့
သူမ တရားခံတစ်ယောက်ကို ဖမ်းခေါ်သွားသလို ကျွန်မ့လက်ကိုတင်းတင်းဆွဲပြီး
“ လာလာ ကျောင်းသားရေးရာလိုက်ခဲ့ ညည်း စာပြန်ဖတ်ပြီး လက်မှတ်ပြန်ထိုးရမယ် ”
ဒီလိုနဲ့ သူမနဲ့အတူ
ကျွန်မ ဘုမသိ ဘမသိ ကျောင်းသားရေးရာ ရောက်ခဲ့တယ် ကျောင်းစည်းကမ်းဖောင် ကိုသူမရှေ့တင် ၃
ခါဖတ်ရတယ်ပြီးတော့ လက်မှတ်ပြန်ထိုးခဲ့ရတယ် အဲဒီအချိန်အမေးချင်ဆုံး မေးခွန်းက
သူမဘယ်သူလဲဆိုတာပါပဲ ??????????????
သူမ မျက်နှာကြည့်ပြီး မမေးရဲ လို့ မမေးဖြစ်ခဲ့ပါ ။
နောက်မှသိလိုက်ရတာက သူမက GTC (နည်းပညာကောလိပ် ၊မှော်ဘီ ) ရဲ့ ကျောင်းအုပ်ဆရာမကြီး
လူဖြောင့်စိတ်တို ၊ အသွင်ရိုး အနေရိုး ၊ စကားကို ဒဲ့ထိုးပဲပြောလေ့ရှိတဲ့ မကွေး ဇာတိသူကြီး
ကျောင်းသူ ကျောင်းသားတွေ ကျယ်ကျယ်မသန်းရဲလောက်အောင် ကြောက်ရတဲ့ ကျောင်းအုပ်ဆရာမကြီး ဒေါ်တိုးတိုးသန်းပါတဲ့
ကျွန်မ့ ချစ်ကြောက် ရိုသေရသော ဆရာမကြီး ဒေါ်တိုးတိုးသန်း အားသတိတရ ဂါရဝပြုလျှက်…………
Labels:
ရောက်တတ်ရာရာ
Wednesday, July 21, 2010
NOEL

ဒီတခါ Christmas Eve နဲ့ပတ်သတ်ပြီး ကြည့်ဖူးတဲ့ ရုပ်ရှင်လေးအကြောင်းပြောချင်မိတယ်။ ကားနာမည်က
Noel (Christmas season) တဲ့
ဝတ္ထုရေးသူက စာေ၇းဆရာ David Hubbard ပါ (reference from Wikipedia)
သူငယ်ချင်းငှားလာတဲ့ DVD ခွေထဲက ၂၀၀၄ ခုနှစ်က ဇာတ်ကားအဟောင်းလေးပါ ။ feeling (Drama)ဇာတ်ကားလေးပေါ့ ။
ဒီဇာတ်ကားလေးထဲမှာ အဓိကဇာတ်ကောင် အုပ်စု ၅စု ရှိတယ် ။ အုပ်စု တစ်စုချင်းဆီမှာ Christmas Eve နဲ့ပတ်သတ်ပြီး feeling တစ်မျိုးစီရှိကြတယ် ။
- (၁) Rose (Susan Sarandon)
သူမက Alzheimer ရောဂါသည် မိခင် ကြီးကို ၁၀နှစ်ကျော်ကျော် ပြုစုရင်း Christmas ပွဲလေးလုပ်ဖို့တောင်
မိသားစုအရင်းအချာမရှိတဲ့ တစ်ဦးတည်းသော သမီးအလိမ္မာ အသက် ၄၀ ကျော်
အထီးကျန်အမျိုးသမီးကြီးတစ်ယောက်ပေါ့။
ကိုယ့်ကိုကိုယ် ဂရုမစိုက်နိုင်လောက်အောင် ကိုယ့်ခံစားချက်တွေကိုဂရုမစိုက်နိုင်လောက်အောင်
သူမဘယ်လောက်ပဲ ပြုစုယုယနေပါစေ သူမမိခင် ကြီးဆီက ပြုံးခြင်း ရယ်ခြင်းတစိုးတစိ မရှိ ၊ ဘာတုံ့ပြန်မှု မှမရရှာခဲ့သူပါ ။
- (၂) Nina (Penelope Cruz) နဲ့ Mike (Paul Walker) လူငယ်စုံတွဲ
သူတို့စုံတွဲက Christmas ရက်ပြီးရင်ယူကြတော့မဲ့ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲ၊
Nina က Mike ရဲ့ ချစ်သူအပေါ်နားလည် မှုမပေးတဲ့ တဘက်သက် သဝန်တိုမှု (increasingly jealous behavior) ကြောင့်စကားများပြီး ချစ်သူနဲ့လမ်းခွဲဖို့ကြံရွယ်နေတဲ့ စပိန်သူ မိန်းမချောလေး ။
Mike က ချစ်သူကိုအရမ်းချစ်ပေမဲ့ ဘယ်လိုချစ်ပြရမှန်း မသိတဲ့ လူဖြောင့် စိတ်တို ရိုး ရိုး သာမာန် ရဲသားလေး ။
- (၃) Jules (Marcus Thomas)
သူက ပထွေးဆိုးကြောင့် အိမ်ကထွက်ပြေးလာတဲ့ အိမ်ပြေးလူပေလူဆိုးလေး
သူငယ်ငယ်က သူ့ပထွေးကြောင့် ဆေးရုံတတ်ရချိန် သူ့မိခင်နဲ့အတူဆင်နွှဲခဲ့တဲ့ ဆေးရုံက Christmas
ပွဲလေးကို ပြန်လည်အမှတ်ရချင်လို့ အဲဒီ့ဆေးရုံက Christmasပွဲလေးမှာပါဝင်ဖို့ သူ့လက်ကိုသူ့ဖာသာ ချိုးခဲ့ပြီး ဆေးရုံရောက်လာတဲ့ (ခပ်ပေါပေါ ) လူဆိုးလေးတစ်ယောက်
- (၄) Artie (Alan Arkin )
သူက စားသောက်ဆိုင်တစ်ခုရဲ့ ဝိတ်တာ အဘိုးကြီး
သူက Mike နဲ့ စရိုက်တူတဲ့ ချစ်သူကိုအရမ်းချစ်ပေမဲ့ ဘယ်လိုချစ်ပြရမှန်း မသိတဲ့ လူဖြောင့် စိတ်တို
Christmas ပွဲလေးတစ်ခုမှာ သူ့မိန်းမ နဲ့ သူမိန်းမ့သူငယ်ချင်း ကို သဝန်တိုပြီး တဘက်သက်စွပ်စွဲ မိရာက
စကားများရန်ဖြစ်ပြီး အဲဒီ့Christmas မှာ သူ့မိန်းမ မတော်တဆကားတိုက်မှုဖြစ်ပြီး သေသွားခဲ့တယ် ။
သူ မတရားစွပ်စွဲခဲ့လို့ သူမိန်းမသေခဲ့ ရတယ် ဆိုပြီး အချိန်လွန်နောင်တတွေနဲ့ Christmas ရောက်တိုင်း
သူ့မိန်းမကိုရှာရင်း သူ့မိန်းမဆီက ခွင့်လွှတ်တယ်ဆိုတဲ့စကားတစ်ခွန်းကိုကြားချင်နေတဲ့သူပါ ။
ယဉ်ယဉ်လေးရူးနေတဲ့ အလွမ်းသမားကြီးပေါ့ ။
ဒီဖြစ်ရပ်ကို Artie ရဲ့စိတ်ထဲစွဲနေခဲ့ပြီး Mike ကို သူ့မိန်းမ အထင်နဲ့လက်ဆောင်လိုက်ပေး ရင်း တောင်းပန်ဖို့ကြိုးစားခဲ့တယ်။
Artie ဘယ်လောက် သူ့မိန်းမကိုချစ်လည်းဆိုတာ အဲဒီမှာထင်ထင်ရှားရှားသိနိုင်တယ်
သူမိန်းမနဲ့ ဘယ်လိုမှမတူတဲ့ ယောက်ျားသား Mike ကို သူ့မိန်းမလို့ထင်နေလောက်အောင် သူ့မိန်းမ ရဲ့ ပုံရိပ်တွေကသူမျက်လုံးထဲလွှမ်းမိုးနေတယ် ။
Mike ဆီက သူ့မိန်းမအထင်နဲ့ ကြားလိုက်ရတဲ့ ခွင့်လွှတ်တယ်ဆိုတဲ့စကားက (Artie)
သူ့ရဲ့စိတ်ကိုခဏဖြစ်ဖြစ်ငြိမ်းချမ်းစေ လိမ့်မယ်
( မုသားဆိုတာ တခါတလေ အသုံးပြုတတ်ရင် ဆေးစွမ်းကောင်းတစ်လက် ဖြစ်ကောင်းဖြစ်နိုင်တယ် )
Artie ရဲ့အဖြစ်ကြောင့် Mike လဲ အသိတရားရသွားခဲ့တယ် Mike ဘယ်လိုချစ်ပြရမယ်မှန်း
အသေအချာသိသွားခဲ့တယ်
( သူတပါးရဲ့အမှားထဲမှာ ကိုယ့်ဘဝအတွက်အသုံးဝင်မဲ့အမှန်းတရားတစ်ခုခုကိုရအောင် ရှာပါ )
- (၅) Charlie (Robin Williams)
သူ ကဆွေမျိုးသားချင်းမရှိတဲ့ ခရစ်ယာန် ဘုန်းကြီး ၊ အစာအိမ်ကင်ဆာနဲ့ Rose မိခင်ကြီးရဲ့ ဆေးရုံမှာပဲ နှစ်နဲ့ချီပြီး ခုတင်ပေါ်လဲနေတဲ့ လူမမာကြီး
ဒါပေမဲ့ Christmas ညမှာ Rose နဲ့စကားသွားပြောရင်း အမှတ်မထင်Rose အိမ်ထိကို သွားလည်ဖြစ်ခဲ့တယ်
ကျွန်မအထင် သေခါနီးဆဲဆဲ သူမသေခင်တစ်ယောက်ယောက်နဲ့ စကားတွေပြောရင်း တစ်ယောက်ယောက်ရဲ့
စကားတွေကိုနားထောင်ရင်း အထီးမကျန်ပဲသေချင်တဲ့ဆန္ဒ တွေကြောင့် ဝိဥာဉ် ပြေးနေတာထင်ပါရဲ့ ။
မဟုတ်ရင် လူမမာကြီးဘယ်လျှောက်သွားနိုင်ပါ့မလဲ ။ သေချာသိချင်ရင် Noel ကိုအစအဆုံးကြည့်ပေတော့ဗျိုး ။
Charlie ရဲ့အဖြစ်ကြောင့်  Rose လည်း သူမဘယ်လိုနေထိုင်သင့်တယ် ။ လူမမာသူမ မိခင်ရဲ့ ဆန္ဒကိုလည်း မပြောဘဲနဲ့နားလည်နိုင်ခဲ့တယ် ။
သေခါနီးဆဲဆဲအချိန်မှာ တစ်စုံတစ်ယောက်ရဲ့ အားပေးနှိမ့်မှု နဲ့ “ စိတ်ချလက်ချ ထွက်ခွာသွားပါဆိုတဲ့”
စကားက ဘယ်လောက်အရေးပါတယ်ဆိုတာ သူမကောင်းကောင်းသိသွားခဲ့တယ် ။
အကြိုက်ဆုံးနဲ့ အကြည်နူးမိဆုံးအခန်းကတော့
Mike က Nina ကို အချိန်မှီပြင်ဆင်ခွင့်ရဖို့ရှင်းပြတဲ့အခန်းလေးပါ
Mike ပြောတဲ့စကားလုံးတွေကမဆန်းကြယ်ဘူး မဖွဲ့နွဲ့ထားဘူး ရိုးရှင်းတယ် ရိုးသားတယ် ဒီလိုစကားလုံးတွေက နှလုံးသားနဲ့နားထောင်မှ နားလည်နိုင်လိမ့်မယ် ။
“ မင်းင့ါကို မေ့ချင်မေ့ပြစ်နိုင်တယ် ၊ ထားသွားချင်ထားသွားနိုင်တယ် ၊ ငါမင်းကိုခွင့်ပြုတယ် ၊ ဒါပေမဲ့ မင်းပျော်နိုင်ပါစေ ။ မင်းပျော်ဖို့က ငါ့ထက် ငါတို့နှစ်ယောက်ထက် မင်းအတွက်ပိုအေ၇းကြီးတယ် ”
( ကြေငြာ>>> အဲဒီကားမကြည့်ခင်က လူတစ်ယောက် ကျွန်မကို အဲလိုစကားမျိုးပြောခဲ့ဖူးတယ် ဒါပေမဲ့ နှလုံးသားနဲ့နားမထောင်ခဲ့မိဘူး ကျွန်မသူ့ကိုအပြစ်တွေပဲတင်နေခဲ့မိတယ် )
စာဖတ်ရတာနဲနဲ တော့ပေါ့မယ်ထင်ပါတယ် ။
ဒါက အမြည်းလေးပါ http://www.youtube.com/watch?v=XfwW3w-vsvM
Online မှာ Noel ကို ရှာလို့တွေ့ရင် link လေးတင်ပေးပေါ့မယ် ။
Labels:
ရောက်တတ်ရာရာ
Subscribe to:
Posts (Atom)