Tuesday, July 27, 2010

မသိချင်ဟန်ဆောင်ခြင်း နဲ့ Singapore



ကလေးတစ်ယောက် မတ်တပ်စမ်းရပ်နေရာကလဲကျသွားတဲ့အခါ မသိချင်ယောင်ဆောင်ပေးလိုက်ပါ…

သူ လဲကျတာကို သင်ကသွားကူခဲ့ရင် သူအတွေးမှာ လဲသွားလည်းကူမဲ့သူရှိတာပဲ ဆိုပြီး မပ်မပ်ရပ်နိုင်ဖို့အားမစိုက်ချင်တော့ပဲ

ပြစ်လှဲလိုက်လိမ့်တယ်



လူလတ်ပိုင်းတစ်ယောက် ချော်လဲခဲ့ရင် မသိချင်ယောင်ဆောင်ပေးလိုက်ပါ………

သူ ပြန်ထဖို့ သူဖာသာကြိုးစားပါစေ ။ သူပြန်ထနိုင်တာ သင်သိသလို သူကိုယ်တိုင်လည်းသိတယ် ။ သင်သွားကူခဲ့ရင်တောင် သူကျေးဇူးတင်ချင်မှတင်လိမ့်မယ် ။ သူရှက်ပြီးသင်ကမ်းတဲ့လက်ကိုပုတ်ချကောင်းပုတ်ချလိမ့်မယ် ။ သင့်ရဲ့ မသိချင်ယောင်ဆောင်ပေးလိုက်ခြင်းဟာ သူပြန်ထဖို့ သူရဲ့ စိတ်ကိုသက်တောင့်သက်သာဖြစ်စေတယ် “ ငါချော်လဲတာဘယ်သူမှမသိလိုက်ဘူး ” ပဲ ။

(ချွင်းချက်။ ။ ဒီလိုဖြစ်ရပ်မျိုး သူငယ်ချင်းတွေကြား၊ ချစ်သူတွေကြား ကိုယ်နဲ့ရင်းနှီးသူတွေကြား မှာ မသိချင်ယောင်မဆောင်ပေးသင့်ပါ )



လူကြီးပိုင်းတစ်ယောက် ခြေချော်လဲခဲ့ရင် မသိချင်ယောင်မဆောင်ပါနဲ့………

ဖြစ်နိုင်သလောက်မြန်မြန် သွားကူလိုက်ပါ ။ (ချွင်းချက်။ ။စင်္ကာပူမှ အချို့အဒေါ်ကြီးများကိုသတိထား၍ ကူပါ ။ အထူးသဖြင့် မိတ်ကပ်များများ ခောတ်လွန်လွန် ဝတ်စားထားသူများ အား မကူရ)



ကိုယ်တွေ့ (၁) >>>>>>

ကျွန်မ ဈေးသွားပြီးအပြန် မိတ်ကပ်ထူထူအဒေါ်ကြီး တစ်ယောက်နဲ့ အဆောက်အအုံရဲ့ ထောင်ချိုးအကွယ်မှာ ဝင်တိုက်မိရော သူမမြင် ကိုမမြင်မို့ ဘယ်သူအပြစ်မှမဟုတ်ပါ ။ အထုပ်တွေနဲ့မို့ ကျွန်မအလောတကြီးမလျှောက်နိုင်ခဲ့ပါ ။ သို့သော် ကိုကလူငယ်ပေမို့ စပြီးတောင်းပန်လိုက်မိပါသည် ။

မှားပြီး ။မှားတာမှ ပိုးစိုးပတ်စက်ကိုမှားတာ ။

သူကျသွားတဲ့စာအုပ်ကိုကောက်ပေးရင်း (စာအုပ်နံမည်က God Bless You)

ကျွန်မ က “Sorry Aunty ”

ကျွန်မကောက်ပေးတဲ့စာအုပ်ကို သူ စောင့်ဆွဲယူရင်း

ကျွန်မကို အားနာဖို့နေနေသာ

အိပ်ထဲက ထွက်ကျပြီး သူ့ခြေဖဝါးအောက်ရောက်သွားတဲ့ ကျွန်မခရမ်းချဉ်သီးလေးကိုမှအားမနာ

သူမရဲ့စာအုပ်ကိုမှအားမနာ ၊ သူမ့ အသက်အရွယ်ကိုမှအားမနာ ။

သူမက “Don’t touch my book, crazy girl !!!! @@@@### ”

“ အောင်မလေးတော့ ငါနဲ့နော် ဖြစ်မှဖြစ်ရလေ ဒီနေ့ပိုးစိုးပတ်စက်ကံမကောင်းပါလား”

တကယ်ကို OMG (Oh My God) ပါပဲ …

အဲဒီမှာ ကျွန်မ ရဲ့ မသိဟန် မဆောင်တတ်ခြင်းက ဒုက္ခ လှလှပေးသွားတာပါ ။



ကိုယ်တွေ့ (၂) >>>>>>>

အိပ်ရာထ နောက်ကျတဲ့ နေ့တနေ့

ကျွန်မ ရုံးနောက်ကျနေပြီမို့ Toapa Yoh အိမ်ကနေ ကားမှတ်တိုင်ကို ခပ်သုတ်သုတ်လေး ထွက်လာခဲ့ပါတယ်

Enous ရုံးကိုသွားဖို့ စီးစရာကားက ၅၀၆ ၊ ၅၉ နှစ်စီးထဲ

နှစ်စီး လုံးက တစ်စီးလွတ်တာနဲ့ မိနစ်၃၀ စောင့်ပဲ

ဒါကြောင့် အပြေးမရပ်နိုင်ပဲ အပြေးအလွှား Busကားဂိတ်ဆီသို့ပေါ့

အဲဒီနေ့က ခပ်သွပ်သွပ်လေးပြေးနိုင်တာ အမေပို့ပေးလိုက်တဲ့ ပန်းသီးတံဆိပ် ခြေညှပ်ဖိနပ်လေးကျေးဇူးကြောင့်ပါ

အဲဒီ ခြေညှပ်ဖိနပ်လေးကို သက်တောင့်သက်သာဖြစ်လို့ ကြိုက်လွန်းလို့ ခဏခဏဝတ်စီးဖြစ်တယ်

ကျွန်မ ကားဂိတ်ကိုလည်းအရောက် ကံကောင်းထောင့်မစွာနဲ့ ၅၉ ကားကလည်းရောက်လာခဲ့ပါရဲ့

ဒါပေမဲ့ ကံဆိုးချင်တော့ ကားပေါ်လှမ်းအတက် နောက်ကစလုံးမတစ်ယောက် ကျွန်မ့ဖိနပ်ကို နင်းမိပါလေရော

ခြေလှမ်းအတက်မို့ ဖိနပ်လေးကို ခြေနဲ့ မညှပ်ထားနိုင်ခဲ့ပဲ ကားအောက်ကိုလွတ်ထွက်သွားပါလေေ၇ာ

ဖိနပ်လေးပြန်ကောက်ဖို့နောက်က စလုံးမလေးကိုတိုးဝှေ့ရပါသည် ။ ကျွန်မတိုး၍ သူမလေး က “Rubbish ” အရှပ်ထုပ် တဲ့

သူမ ကျွန်မ့ဖိနပ်ကို နင်းတာ ကားပေါ်ပါလာသော ကျွန်မ အနီးတဝိုက်မှလူများမြင်ပါသည် ။

ဒါကို မတောင်းပန်တဲ့အပြင် “အရှပ်ထုပ်” တဲ့

ကျွန်မ ငြိမ်ခံမနေခဲ့ပါ ကားပေါ်ကဆင်းရင်း “Shut up your mouth , stupid ” လို့ ခပ်ကျယ်ကျယ်လေး

စောင့်အော်လိုက်မိပါသည် ။

ကားပေါ်ပါသွားသော သူမလည်း “ @@@#### ” ကျွန်မဘာမှမကြားလိုက်ပါ ။

တကယ်တမ်း Fight မယ်ဆို ကျွန်မအဲလောက်ပြန်ပြောရဲမည်မထင်

ခုဟာက အမေပို့ပေးလိုက်တဲ့ ခြေညှပ်ဖိနပ်လေးဇောနဲ့ ပြန်ရန်တွေ့လိုက်နိုင်ခြင်းသာ ။

စိတ်ထဲကလည်း …………….

ဘယ်ရမလဲ “ ငါကွမြန်မာ ” ဟိ ဟိ …..



ဖိနပ်လေးပါမလာလို့ အဲဒီ ၅၉ ကားမစီးဖြစ်ခဲ့ပါ

ရုံးကိုလည်းနာရီဝတ်နောက်ကျမှ ရောက်ခဲ့ပါသည် ။

No comments:

Post a Comment