လွမ်းရအောင်လည်း
နင်ကငါနဲ့ခပ်လှမ်းလှမ်း နေရာလေးမှာတင်
ဆွေးရအောင်
နင့်ကိုယ်ငွေ့က ငါ့ဘေးမှာခပ်နွေးနွေးလေးရှိနေတုန်း
ထားခဲ့ရအောင်
ငါကနင့်နောက် လိုက်နေခဲ့ရတဲ့သူ
လမ်းခွဲရအောင်
ငါကလမ်းသစ်တွေရှာဖို့ ညည်းငွေ့နေတဲ့သူ
နင်ကလေ
ငါ့  ကိုချစ်ပါ
ငါ့ ကိုဂရုစိုက်ပါ
င့ါ ကိုနွေးထွေးပါ
င့ါ ကိုကြင်နာပါ
င့ါ ကိုစာနာပါ
င့ါ ကိုသနားပါ
ငါ့ ကိုနားလည်ပါ
ငါ အေးဆေးနေပါရစေ
ငါ့ ကိုအပြစ်မတင်ပါနဲ့
နင်ချစ်ခဲ့ တာငါမှမဟုတ်တာ “ငါ့” ကိုပဲဟာ…
ကျေးဇူးပြုပြီး.......
“ ငါ့  ” ကိုမချစ်ပါ နဲ့တော့ ချစ်သူ
ငါ နာကျင်လွန်းလို့ပါ.............
No comments:
Post a Comment