Thursday, August 12, 2010

မရူးသွပ်ပါနဲ့ သူငယ်ချင်း







pyae sone (ပြည့်စုံ) ဆိုတဲ့ လူငယ်လေးတစ်ယောက် သူ့ ချစ်သူကို သတ်ပြီး ... မိမိကိုယ်ကိုလည်း
ဆုံးစီရင်သွားတယ်ဆိုသတင်းလေး သူငယ်ချင်းတစ်ယောက် ရဲ့ blog ဖတ်ရင်း သိလိုက်ရပါတယ် .....

ဘယ်လိုအကြောင်းကြောင့်သတ်လိုက်တယ် ဆိုတာကတော့ ကောလဟာလ နဲ့ အမျိုးမျိုးရှိနေပါတယ် ..

အံ့သြဖို့ကောင်းတာက နှစ်ယောက်စလုံးက မြန်မာပြည် က ဆယ်ကျော်သက်ချောချောလှလှ စုံတွဲလေး ..


ဘယ်ကြောင့်ပဲဖြစ်ဖြစ်ပါ သူ့ ကိုယ်သူလည်း အဆုံးစီရင်သွားတယ်ဆိုကတည်း က ...
 
 သူ ဟာ မုန်းလို့သတ်လိုက်တာတော့မဖြစ်နိုင်ဘူးထင်ပါရဲ့ ...သိရတာတော့ သူတို့တွဲလာတာ တော်တော်ကြာနေပြီ လို့လည်းသိရတယ်။

အခုပြောချင်တာ....ကဘာလဲဆိုတော့.....သူတို့တွေချစ်လို့ မုန်းလို့ခွဲခွါသွားကြတာ ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်

သူတို့ အမှတ်တရလေးတွေ .... Facebook မှာ ကျန်ခဲ့ပြီး ဘယ်သူမှ ဖျက်ဆီးလို့ မရအောင်

အမှတ်တရကျန်ရစ်နေခဲ့တယ်ဆိုတာပါပဲ

သူတို့ ရဲ့  Profile တွေ မှာ အသုဘဆုတောင်းတွေ ...အပြစ်တင်ခြင်းတွေရှုံချခြင်းတွေ ...

ဝမ်းနည်းကြေကွဲမှုတွေနဲ့ Comment တွေ ပြည့်ကြပ်နေပေမယ့် ... သူတို့နှစ်ယောက်ရဲ့ အမှတ်တရတွေ က တော့ ဆိုတာ faceBook ကြီး ရှိနေသရွေ့  ရှိနေဦးမှာပါ...


Profile တွေကိုကြည့်မိရင် စိတ်မကောင်းလည်း အလွန်ဖြစ်ရပြီး ....

သူတို့လေးတွေကို နှမြောမိပါရဲ့ အချစ်ကြီးရင် အမျက်ကြီး တယ်ဆိုတာ တကယ်ပဲလက်ခံရပါတော့မယ်။

အသက်တစ်ချောင်းဆို တာ သူတို့ပဲပိုင်တာမှ မဟုတ်တာ သူတို့ရဲ့ မိခင် ဖခင်တွေနဲ့လည်း သက်ဆိုင်တယ်လို့ တွေးမိသင့်ပါရဲ့


ကောင်မလေး ရဲ့  Facebook ID က တော့ Tar Tee Poe ပါ



ကောင်မလေး ရဲ့ ပထမချစ်သူရဲ့ Facebook ID က တော့ Pyae Sone ပါ


ကောင်မလေး ရဲ့  ဒုတိယလူဆိုတဲ့ကောင်လေး ရဲ့  Facebook ID က တော့  Fros Ak ပါ


ဒါက သံဝေဂရဖို့ နဲ့  ဝမ်းနည်းစရာလေးတွေ မျှဝေဖို့ …

http://en-gb.facebook.com/profile.php?id=1374530585

ဒါက ပြည့်စုံ ရဲ့ Blog လေးပါ .... 

http://pyaesonetasp.blogspot.com/

သူတို့ ရဲ့  စုံတွဲ ဓါတ်ပုံလေးတွေကို ... ဖော်ပြပေးလိုက်ပါတယ် ။





ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ မသီရိ လက်ခံထားတာက

အချစ်ဆိုတာ ချစ်သူကိုအလွန်အမင်းမှီခိုဖတ်တွယ်နေခြင်းမဟုတ်သလို အတူတူသေရဲရမယ် ဆိုတာမျိုးလဲမဟုတ်ဘူး ချစ်သူကိုတကယ်ချစ်၇င် သူရော ကိုယ်ေ၇ာ ၇ဲ့ စိတ်ကို ပေါ့ပါး ပျော်ရွှင် လွတ်လပ်စေရမယ် ။

သူမရှိလည်း  ကို့ဘဝကိုတန်းဖိုးရှိရှိ ရင်ဆိုင်ဖြတ်သန်းနိုင်ရမယ် ။ ကိုမရှိလည်း သူ့  ဘဝကို အခြေမပျက်ရင်ဆိုင်ဖြတ်သန်းစေရမယ် ။

အချစ်ဆိုတာ မျှော့ကြိုးလေးတစ်ချောင်းလို အလျှော့အတင်းလေးနဲ့ ခံစား နားလည် ဝေမျှ တတ်ရမယ် ။
ကြည်နူး သိမ်မွေ့ တတ်ဖို့လည်းလိုတယ် ။
ပြီးတော့ ရိုးသား ပွင့်လင်း ရမယ် ။

ရှင်သန်နေထိုင်ခြင်းမှာ တစ်ဦးတစ်ယောက်တည်း ပါဝင်ပတ်သက်နေတာမဟုတ်ပါဘူး အနီးစပ်ဆုံးမိဘရှိမယ် ၊ ညီအကိုမောင်နှမတွေရှိမယ် ၊ဆွေမျိုးတွေ သူငယ်ချင်းတွေ အသိုက်အမြုံလေးတစ်ခုလို ပါဝင်ဖွဲ့တည်နေတယ် ။

တစ်ဦးတစ်ယောက်တည်း သော သူအတွက် အဲဒီ့ အသိုက်အမြုံလေးထဲက ထွက်သွားခဲ့တဲ့သူဟာ ဘယ်လောက်ရူးသွပ်မိုက်မဲ လိုက်သလဲ ။

ချစ်သူက ကိုယ်ကို့ ပြစ်သွားခဲ့ရင်တောင် ကိုယ့်ဘဝကိုတန်ဖိုးရှိရှိ၇င်ဆိုင်ဖြတ်ကျော်သွားသင့်ပါတယ် ။

အချစ်ဆိုတာ ဘဝမဟုတ်သလို ဘဆိုတာ တစ်ဦးတစ်ယောက်တည်းပိုင်ဆိုင်တဲ့အရာမဟုတ်ပါဘူး ။

ချစ်သူက ပြစ်သွားလို့ စိတ်ဓါတ်ကျနေ စရာမလိုဘူးလို့ မဆိုလိုပါ ။

ကိုယ့်ဘဝ ထဲ သူ့ကို ၊ သူ့ဘဝထဲ ကိုယ့်ကို ပါဝင်ပတ်သက်စေဖို့ အနွေးထွေးဆုံး ဖိတ်ခေါ်ခဲ့ပါလျက် လက်ကမ်းတွဲခေါ်ခဲ့ ပါလျက်

တန်ဖိုးမထား လျစ်လျှူ ရှုခဲ့ သူအတွက် သင်ငိုချင်ငိုပါ ။ အားရအောင်ငိုချလိုက်ပါ။
မျက်၇ည်လုံးဝမထွက်တဲ့ထိငိုပါ ။

ပြီးတော့ သင့်မနက်ဖြန်တွေကို သူမပါလည်း ပိုလှသထက် လှအောင် ဖန်တီးနိုင်ကြောင်းပြပါ ။

သင့်ကိုသင် ပိုပြီးချစ်သထက်ချစ်ပါ ။ တန်ဖိုးထားမြတ်နိုးပါ ။



Ps ; ဘာတွေပဲဖြစ်ဖြစ်ပေါ့ ကောင်လေး ရော ကောင်မလေး ရော နှစ်ယောက်စလုံးကောင်းရာမွန်ရာ ရောက်နိုင်အောင် ဆုတောင်းပေးလိုက်ပါတယ်

No comments:

Post a Comment