Thursday, August 19, 2010

ချစ်သူ့ ပုံပြင်





တကယ်တော့ ကျွန်မကဘုန်းကြီး တစ္ဆေပါ သူငယ်ချင်းတွေစိတ်ညစ်ရင် အားပေးစကားပြောပေးတတ်တယ်

မြန်မြန် မေ့ဖျောက်ဖို့ဆုံးမတတ်သလောက် ကိုယ်စိတ်ညစ်စိတ်ဓါတ်ကျရင်တော့

ရက်တွေကြာရှည်တဲ့ထိမဖြေဖျောက်နိုင်ပဲ စိတ်ရှုတ်ထွေးခံပြီး တမြေ့မြေ့ တွေးတောနေလေ့ရှိတယ် ။


မကောင်းဘူးဆိုတာ သိလျှက်နဲ့ စိတ်ညစ်နေရတဲ့ စိတ်အလိုမကျဖြစ်ခဲ့ရတဲ့ကိစ္စတစ်ခုကို

တရေးရေးတွေးတောလိုက် စိတ်အနှောက်အယှက်ဖြစ်လိုက် ကိုယ်ကိုကိုယ် မကျေမနပ်ဖြစ်လိုက်

 တဖက်လူကိုဒေါသထွက်လိုက် ဖြစ်ရင်းတနေ့ပြီးတနေ့သယ်ဆောင်လာခဲ့တယ် ။

အားလပ်ရပ် တနေ့ချစ်သူနဲ့တွေ့တော့ လွန်ခဲ့တဲ့နှစ်ပတ်လောက်ကဖြစ်ခဲ့တဲ့ အဲဒီ့စိတ်ညစ်စရာ

အကြောင်းအရာကို ဖွင့်ပြောလိုက်မိတော့ ..

စကားချိုချိုအီအီတွေမပြောတတ်တဲ့ သူ့စီက ပုံပြင်ဇာတ်လမ်းလေးတစ်ပုဒ်ထွက်ကျလာတယ်

“ ဟိုးရှေးရှေးတုန်းကပေါ့ကွယ် ”လို့


သူက ပုံပြင်ကိုအဲ့လိုအစပြိုးပြီး တောင်တောင်အီအီမပြောပြတတ်သူပါ ။

သူအစပြိုးခဲ့တဲ့စကားလုံးက “ ဒီလိုကွ” တဲ့ ( နားထောင်မိတဲ့ ကျွန်မ ကျိပ်ပြီးရယ်ခဲ့မိပါတယ် )




 
 
ဒီလိုကွ တခါက ရဟန်းပျိုနှစ်ပါးဆွမ်းခံထွက်လာရင်း ချောင်းတစ်ခုနားအရောက်မှာ မိန်းမပျိုလေးတစ်ယောက်နဲ့ တွေ့တယ် ။


ချောင်းကို ဖြတ်ဖို့ အဲဒီ့ မိန်းမပျိုလေးက ရဟန်းနှစ်ပါးကိုအကူအညီတောင်းသတဲ့

လူသာမာန်ပြောသလိုပြောရရင် …အရပ်ရှည်ရှည်ထောင်းထောင်းထောင်းမောင်းမောင်းရဟန်းက

မိန်းမပျိုလေးကိုပွေ့ပြီး ချောင်းရဲ့ တဖက်ကမ်းကို ဖြတ်ကူးခဲ့တယ် ။


ချောင်းကိုဖြတ်သန်းစဉ် အတွင်း မိန်းမပျိုလေးနဲ့ထိတွေ့ ခဲ့တဲ့ အထိအတွေ့ ၊

မောက်မှားတွေးတောမိတဲ့ ညစ်ထေးတဲ့ အတွေးအကြံ တွေကို ချောင်းရေထဲမှာပဲ စွန့်ပယ်ခဲ့တယ်

တဖက်ကမ်းရောက်တဲ့ထိ ယူမသွားခဲ့ဘူး ။

ချောင်းကို အချိန်တိုတိုအတွင်းဖြတ်ကူးနိုင်ခဲ့တယ်

တနေ့တာ အတွက် ဆွမ်းကိုလည်းအချိန်မှီ ဘုန်းပေးနိုင်ခဲ့သလို

တသက်တာအတွက် စာပေကျမ်းဂံတွေကိုလည်း ကောင်းကောင်းဆည်းပူးလေ့လာနိုင်ခဲ့တယ်ပေါ့ကွာ..

နောက်ရဟန်းတစ်ပါးကတော့ သူကိုယ်တိုင် ပွေ့ချီခဲ့တာမဟုတ်ပဲ

မိန်းမပျိုလေးအကြောင်းကိုတစိမ့်စိမ့်တွေးရင်း ချောင်းရဲ့ တဖက်ကမ်းကို တော်ရုံမရောက် နိုင်ခဲ့ဘူး ။

တနေ့တာ အတွက် ဆွမ်းကိုလည်းအချိန်မှီ ဘုန်းမပေးနိုင်ခဲ့သလို

တသက်တာအတွက် စာပေကျမ်းဂံတွေကိုလည်း ကောင်းကောင်းမဆည်းပူး မလေ့လာနိုင်ခဲ့ဘူးပေါ့ကွာ

ဒီလိုပဲပေါ့ ကိုယ့်ရဲ့စိတ်ကို ညစ်ထေးစေမယ် အနှောက်အယှက်ဖြစ်စေမယ်ထင်တဲ့ အတွေးအကြံတွေကို နောက်နေ့ထိမသယ်ဆောင် မိစေနဲ့

ရှင်းထုတ်ပြစ်လိုက် မေ့ဖျောက်ပြစ်လိုက်

ကို့ အပေါ် သံသယတွေဖြစ်နေခဲ့ရင်လည်း ချက်ချင်းဖြေရှင်းပြစ်လိုက် မကျေနပ်ရင်လည်းရန်တွေ့ပြစ်လိုက်

သံသယတွေနဲ့အိပ်ရာဝင်ရင် အိပ်မက်ဆိုးတွေမက်တတ်တယ်ကွ ။

အဲဒီလို စိတ်ထဲစွဲနစ်နေတဲ့ အတွေးဆိုးတွေက

ကိုယ်စိတ်ကိုပင်ပန်းနွမ်းနယ်စေတယ် ပြီးတော့ရုပ်ရင့်လွယ်စေတယ်

ကိုယ် တကယ်လုပ်ကိုင်ကြံစည်သင့်တဲ့အရာတွေအတွက်လည်း အဟန့်အတား ဖြစ်စေတယ် ၊ နှောက်နှေးကြံ့ကြာစေတယ် ...............



ကဲပုံပြင်လေးကတော့ ဒါပါပဲကွယ်



PS ; နောက်ထက် ဆုံးမစကားလေးတွေ ချစ်သူဆီကကြားခွင့်ရချင်ပါရဲ့ ….





......

No comments:

Post a Comment