ဟိုးရှေးရှေးတုန်းကပေါ့ကွယ် (ဘယ်လောက်ကြာပြီလဲမသိရင် “ဟိုးရှေးရှေးတုန်း” ကလို့သုံးပါ )
ကျွန်းလေးတစ်ကျွန်းမှာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ အသိဥာဏ်ပညာ၊ချမ်းသာကြွယ်ဝမှု၊ အရည်းအသွေး၊ နားလည်မှု နဲ့ အချစ်စစ် တို့ တူတူနေထိုင်ကြလေရဲ့ ။
တနေ့သူတို့နေထိုင်တဲ့ အဲဒီကျွန်းလေးပျက်စီးတော့မယ်ဆိုတဲ့ ကြေငြာချက်ကိုအမှတ်မထင်ကြားလိုက် ကြတယ် ။
အဲဒီကျွန်းလေးဟာတဖြေးဖြေးတအိအိနဲ့ ပင်လယ်ရေအောက်ကိုမြုပ်နေချိန်မှာ အချစ်ကလွဲပြီး အခြားကျွန်းသူကျွန်းသားတွေ လှေကိုယ်စီနဲ့ ဒီကျွန်းလေးကထွက်ခွာနေကြလေရဲ့
ဇွဲကောင်းပြီးလွယ်လွယ်လက်မလျော့ချင်တဲ့ အချစ်စစ်က ကျွန်းလေးပေါ်ကိုတက်လာတဲ့ရေတွေ ရပ်တန့်နိုးနိုး မျှော်လင့်ချက်လေးနဲ့ ခပ်ပေပေစောင့်နေရဲ့
ဒါပေမဲ့ သူထင်သလိုဖြစ်မလာခဲ့ပဲ အချစ်စစ် ရပ်စောင့်နေဖို့ ခြေချစရာနေရာလေးတောင်မရှိတော့ဘူးပေါ့
အချစ်စစ် လုံးဝအခြေအနေမလှပတော့တဲ့အဆုံး ကျွန်းလေးကိုစွန့်ခွာဖို့ဆုံးဖြတ်လိုက်ပြီး ကယ်ဆယ်နိုင်မဲ့သူကို အကူအညီတောင်းနေလေရဲ့
ပထမဦးဆုံး အချစ်စစ်က သူ့နားဖြတ်သွားတဲ့ ချမ်းသာကြွယ်ဝမှု ကို အကူအညီတောင်းတယ်
“ အို မိတ်ဆွေ ချမ်းသာကြွယ်ဝမှုရေ ငါ့ကိုမင်းနဲ့အတူ လှပတဲ့ကျွှန်းလေးတစ်ကျွန်းကို ခေါ်ဆောင် သွား ပေး ပါလား” လို့ဆိုတော့
ချမ်းသာကြွယ်ဝမှု က
“ငါ့လှေပေါ်မှာ ရွှေငွေပတ္တမြားတွေ သယ်ဆောင်လာလို့ မင်းအတွက်နေရာလွတ်မရှိတော့ဘူး ” တဲ့
ဒီလိုနဲ့ အရည်းအသွေး ရဲ့လှေကလေးဖြတ်အလာမှာ အကူအညီတောင်းကြည့်တော့
“အို အချစ်စစ် သင့်တကိုယ်လုံးစိုရွှဲနေပြီ သင်ငါ့လှေပေါ်တက်ရင် ဝန်ပိုပြီး ငါ့လှေလွယ်လွယ်နဲ့ တိမ်းမှောက်သွားနိုင်တယ်”လို့ပြောပြီးငြင်းဆန်လိုက်တယ်
ဝမ်းနည်းခြင်း ကလည်း “ ငါဘာသာငါ ပူဆွေးဝမ်းနည်းနေရတဲ့အထဲ မင်းကိုသယ်သွားမပေးနိုင်ပါဘူး ” လို့ဆိုပြီးငြင်းလိုက်ပြန်တယ်
ဒီနောက် ပျော်ရွှင်ခြင်းက အချစ်စစ်အကူအညီတောင်းခံမှုကို မကြားနိုင်လောက်အောင်ပျော်ရွှင်ကြည်နူးစွာ ခပ်သွက်သွက်လေးလှော်ခပ်ဖြတ်သန်းသွားပြန်တယ်
အချစ်စစ် စိတ်ပျက်ငေးငိုင်နေချိန် ရုတ်တရက်အသံတစ်ခုကြားလိုက်တယ်
“ဟေး အချစ်စစ်မင်းင့ါလှေနဲ့ လိုက်ခဲ့ပါလား” ဆိုတဲ့လှိုက်လှဲပျူငှာတဲ့အသံကိုအကြားမှာ အိနြေ္ဒမဆည်နိုင် လှေလေးပေါ်ခုန်တက်လိုက်ပါခဲ့တော့တယ်
ဒီလိုနဲ့ လှပစိမ်းစိုတဲ့ ကျွန်းလေးတစ်ကျွန်းကိုရောက်တယ်
ကျွန်းအသစ်လေးမှာရောက်နှင့်ပြီးသားဖြစ်တဲ့ သူနှစ်ဦးက နားလည်မှု နဲ့ အသိဥာဏ်ပညာ ကို အချစ်စစ်က
“ငါတို့ကို ဒီကျွန်းလေးကိုရောက်အောင်ဘယ်သူသယ်လာပေးတာလဲ” လို့ မေးတော့
အသိဥာဏ်ပညာ က “ အချိန်ပေါ့ကွ” လို့ဖြေတယ်
အချစ်စစ်က တခါမှမကြားဖူးတဲ့ နာမည်မို့ကြောင်တောင်တောင်လေးဖြစ်သွားပြီး နားလည်မှု နဲ့ အသိဥာဏ်ပညာကိုပြန်ကြည့်နေရှာတယ်
ဒီတော့ နားလည်မှု နဲ့ အသိဥာဏ်ပညာက
“အချိန် ဆိုတဲ့ ငါတို့အမှတ်မထင်အကျွန်းမဝင် နေခဲ့တဲ့သူက နားလည်မှု နဲ့ အသိဥာဏ်ပညာ ကို ပေါင်းစည်းခေါ်ဆောင်ပြီး နားလည်သိတတ်မှုအဖြစ်နဲ့ ကျဆုံးလုနီးပါး အချစ်စစ် ကိုကယ်တင်လိုက်တာပဲပေါ့ ” လို့
အချစ်စစ်ရဲ့မျက်နှာကို ရွှင်ရွှင်ပြပြ ကြည့်ပြီး တပြိုင်နက်ပြောကြတယ် ။ ။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်
နားလည်သိတတ်မှုနဲ့အတူ အချစ်စစ် ကို အချိန်နဲ့အမျှ ရွှင်ရွှင်ပြပြ ကြည့်မြင်ခွင့်ရကြပါစေ
မူရင်း http://www.kidsgen.com/short_stories/time_love.htm ကလေးဖတ်ပုံပြင်တိုတိုလေးကို ကိုယ်ဖာသာစိတ်ကူးရသလို မသီရိ ဆွဲဆန့် ကွန့်မြူးသည် ။
ပုံပြင်ကောင်းလေးပါပဲ။
ReplyDeleteကျနော်ကလည်း ပုံပြင်တွေကို ချစ်တယ်။