နှောင်းသွားပေမဲ့ မဟောင်းသေးတဲ့အတိတ်
သူ့မှာရှိသလို ငါ့မှာလည်းရှိရဲ့
အရာရာတိုင်းကသူဖာသာသူစုန်ချီဆန်ချီ
တည်ဆောက်လိုက်ဖြိုချလိုက်
ရာသီစာတွေစားရင်း
အီလည်လည်ဖြစ်နေတဲ့ အချိန်က
ညှီဆော်မနံခဲ့တဲ့ ငါတို့အတိတ်ကိုလှောင်ပြောင်တယ်
ဘယ်တော့မှကျင့်သားမရမဲ့တူတူ
သံရောင်လိုက်ပြီးလည်းနေမပြချင်တော့ဘူး
ဥသြ ဆွဲနေပြီ… ဒါပေမဲ့ ငါ
ဆိုက်ပြီးသားဆိပ်ကမ်းကမထွက်ခွာနိုင်ခဲ့ဘူး
ဟုတ်တယ်ဗျာ ဥသြသံကြားရတာတောင်မှ ကမ်းက ခုထိကို မခွာနိုင်ဘူး။
ReplyDeleteဒီတော့ ဘယ်မှ မရောက်ဘူး ဖြစ်နေပြီဗျာ။
အတွေးနက်နက် ကဗျာလေးပါပဲ။
ကဗျာလေး ဖတ်ရင်း လင့်ပါ ချိတ်သွားပါတယ်။
သီရိလေးစားနှစ်သက်ရတဲ့ Seniorစာရေးသူဆီကရလိုက်တဲ့ comment က
ReplyDeleteအားဖြစ်စေပါတယ် စာတွေရေးဖို့ကိုယ့်ကိုကိုယ် ပိုယုံကြည်သွားသလိုပဲ
ကျေးဇူးပဲ ကိုဇော်ရေ
ကျန်းမာပျော်ရွှင်ပါစေ