Thursday, April 12, 2012

Mom


*4 YEARS OF AGE My Mommy can do anything!
*8 YEARS OF AGE My Mom knows a lot! A whole lot!
*12 YEARS OF AGE My Mother doesn't really know quite everything.
*14 YEARS OF AGE Naturally, Mother doesn't know that, either.
*16 YEARS OF AGE Mother? She's hopelessly old-fashioned.
*18 YEARS OF AGE That old woman? She's way out of date!
*25 YEARS OF AGE Well, she might know a little bit about it.
*35 YEARS OF AGE Before we decide, let's get Mom's opinion.
*45 YEARS OF AGE Wonder what Mom would have thought about it?
*65 YEARS OF AGE Wish I could talk it over with Mom.....

Ps.Mom I love you & miss you all the time.....

နွေကဗျာ

Friday, September 24, 2010

အချစ် နဲ့ အချိန်



ဟိုးရှေးရှေးတုန်းကပေါ့ကွယ် (ဘယ်လောက်ကြာပြီလဲမသိရင် “ဟိုးရှေးရှေးတုန်း” ကလို့သုံးပါ )


ကျွန်းလေးတစ်ကျွန်းမှာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ အသိဥာဏ်ပညာ၊ချမ်းသာကြွယ်ဝမှု၊ အရည်းအသွေး၊ နားလည်မှု နဲ့ အချစ်စစ် တို့ တူတူနေထိုင်ကြလေရဲ့ ။

တနေ့သူတို့နေထိုင်တဲ့ အဲဒီကျွန်းလေးပျက်စီးတော့မယ်ဆိုတဲ့ ကြေငြာချက်ကိုအမှတ်မထင်ကြားလိုက် ကြတယ် ။

အဲဒီကျွန်းလေးဟာတဖြေးဖြေးတအိအိနဲ့ ပင်လယ်ရေအောက်ကိုမြုပ်နေချိန်မှာ အချစ်ကလွဲပြီး အခြားကျွန်းသူကျွန်းသားတွေ  လှေကိုယ်စီနဲ့ ဒီကျွန်းလေးကထွက်ခွာနေကြလေရဲ့

ဇွဲကောင်းပြီးလွယ်လွယ်လက်မလျော့ချင်တဲ့ အချစ်စစ်က ကျွန်းလေးပေါ်ကိုတက်လာတဲ့ရေတွေ ရပ်တန့်နိုးနိုး  မျှော်လင့်ချက်လေးနဲ့ ခပ်ပေပေစောင့်နေရဲ့

ဒါပေမဲ့ သူထင်သလိုဖြစ်မလာခဲ့ပဲ အချစ်စစ် ရပ်စောင့်နေဖို့ ခြေချစရာနေရာလေးတောင်မရှိတော့ဘူးပေါ့

အချစ်စစ် လုံးဝအခြေအနေမလှပတော့တဲ့အဆုံး ကျွန်းလေးကိုစွန့်ခွာဖို့ဆုံးဖြတ်လိုက်ပြီး ကယ်ဆယ်နိုင်မဲ့သူကို အကူအညီတောင်းနေလေရဲ့

ပထမဦးဆုံး အချစ်စစ်က သူ့နားဖြတ်သွားတဲ့ ချမ်းသာကြွယ်ဝမှု ကို အကူအညီတောင်းတယ်

“ အို မိတ်ဆွေ ချမ်းသာကြွယ်ဝမှုရေ ငါ့ကိုမင်းနဲ့အတူ လှပတဲ့ကျွှန်းလေးတစ်ကျွန်းကို ခေါ်ဆောင် သွား ပေး ပါလား” လို့ဆိုတော့

ချမ်းသာကြွယ်ဝမှု က

“ငါ့လှေပေါ်မှာ ရွှေငွေပတ္တမြားတွေ သယ်ဆောင်လာလို့ မင်းအတွက်နေရာလွတ်မရှိတော့ဘူး ” တဲ့

ဒီလိုနဲ့ အရည်းအသွေး ရဲ့လှေကလေးဖြတ်အလာမှာ အကူအညီတောင်းကြည့်တော့

“အို အချစ်စစ် သင့်တကိုယ်လုံးစိုရွှဲနေပြီ သင်ငါ့လှေပေါ်တက်ရင် ဝန်ပိုပြီး ငါ့လှေလွယ်လွယ်နဲ့ တိမ်းမှောက်သွားနိုင်တယ်”လို့ပြောပြီးငြင်းဆန်လိုက်တယ်

ဝမ်းနည်းခြင်း ကလည်း “ ငါဘာသာငါ ပူဆွေးဝမ်းနည်းနေရတဲ့အထဲ မင်းကိုသယ်သွားမပေးနိုင်ပါဘူး ” လို့ဆိုပြီးငြင်းလိုက်ပြန်တယ်

ဒီနောက် ပျော်ရွှင်ခြင်းက အချစ်စစ်အကူအညီတောင်းခံမှုကို မကြားနိုင်လောက်အောင်ပျော်ရွှင်ကြည်နူးစွာ ခပ်သွက်သွက်လေးလှော်ခပ်ဖြတ်သန်းသွားပြန်တယ်

အချစ်စစ် စိတ်ပျက်ငေးငိုင်နေချိန် ရုတ်တရက်အသံတစ်ခုကြားလိုက်တယ်

“ဟေး အချစ်စစ်မင်းင့ါလှေနဲ့ လိုက်ခဲ့ပါလား” ဆိုတဲ့လှိုက်လှဲပျူငှာတဲ့အသံကိုအကြားမှာ အိနြေ္ဒမဆည်နိုင် လှေလေးပေါ်ခုန်တက်လိုက်ပါခဲ့တော့တယ်

ဒီလိုနဲ့ လှပစိမ်းစိုတဲ့ ကျွန်းလေးတစ်ကျွန်းကိုရောက်တယ်

ကျွန်းအသစ်လေးမှာရောက်နှင့်ပြီးသားဖြစ်တဲ့ သူနှစ်ဦးက နားလည်မှု နဲ့ အသိဥာဏ်ပညာ ကို အချစ်စစ်က

“ငါတို့ကို ဒီကျွန်းလေးကိုရောက်အောင်ဘယ်သူသယ်လာပေးတာလဲ” လို့ မေးတော့

အသိဥာဏ်ပညာ က “ အချိန်ပေါ့ကွ” လို့ဖြေတယ်

အချစ်စစ်က တခါမှမကြားဖူးတဲ့ နာမည်မို့ကြောင်တောင်တောင်လေးဖြစ်သွားပြီး နားလည်မှု နဲ့ အသိဥာဏ်ပညာကိုပြန်ကြည့်နေရှာတယ်

ဒီတော့ နားလည်မှု နဲ့ အသိဥာဏ်ပညာက

“အချိန် ဆိုတဲ့ ငါတို့အမှတ်မထင်အကျွန်းမဝင် နေခဲ့တဲ့သူက နားလည်မှု နဲ့ အသိဥာဏ်ပညာ ကို ပေါင်းစည်းခေါ်ဆောင်ပြီး နားလည်သိတတ်မှုအဖြစ်နဲ့ ကျဆုံးလုနီးပါး အချစ်စစ် ကိုကယ်တင်လိုက်တာပဲပေါ့ ” လို့

အချစ်စစ်ရဲ့မျက်နှာကို ရွှင်ရွှင်ပြပြ ကြည့်ပြီး တပြိုင်နက်ပြောကြတယ် ။ ။

ပုံပြင်လေးကတော့ ဒါပါပဲကွယ်

နားလည်သိတတ်မှုနဲ့အတူ အချစ်စစ် ကို အချိန်နဲ့အမျှ  ရွှင်ရွှင်ပြပြ ကြည့်မြင်ခွင့်ရကြပါစေ


မူရင်း http://www.kidsgen.com/short_stories/time_love.htm ကလေးဖတ်ပုံပြင်တိုတိုလေးကို ကိုယ်ဖာသာစိတ်ကူးရသလို မသီရိ ဆွဲဆန့် ကွန့်မြူးသည် ။

Thursday, September 23, 2010

ထွန်းလင်းနိုင်ပါစေ (၁)


ဘဝဆိုတာဖြည့်တိုင်းမပြည့်တဲ့ကွက်လပ်ကြီးတဲ့ လူတွေကဘဝထဲကိုဘာတွေဖြည့်နေကြတာလဲ

ဘဝဆိုတာ နေတတ်ရင်ကျေနပ်စရာချည်းပဲမဟုတ်လား ။

ဖြည့်ခြင်းဖြည့် ကျေနပ် ပျော်ရွှင်ခြင်းတွေပဲ ပြည့်သထက် ပြည့်အောင် ဖြည့်ရမှာ မဟုတ်လား ။
သင်ပျော်ရွှင်ဖို့ ဘာတွေလိုအပ်လဲ ?

အခြားသူတွေအတွက် စဉ်းစားတွေးခေါ်ပေးဖို့ ကျွန်မမှာကြီးကျယ်မြင့်မြတ်တဲ့ အသိဥာဏ်ပညာ မပြည့်စုံသေးဘူး ။

 ဒါပေမဲ့ ကမ္ဘာ ကြီးနဲ့ယှဉ်ရင် ခပ်သေးသေးလေးကျွန်မ ကမ္ဘာ ကြီးအတွက် သေးသေးလေးတွေ လုပ်ပေးဖူးတယ်  ကျွန်မ့တို့မောင်နှမတွေ ဆော့နေကြ ခြံဝင်းခပ်နုပ်နုပ်လေး ရဲ့ထောင့်က မြေလွပ် ကလေးမှာ နေရာပေးပြီးအပင်လေးတွေစိုက်ပေးဖူးတယ် ။

ဖွားဖွားပဲပြုတ်ရောင်းပြီးပေးတဲ့ ကျောင်းမုန့်ဖိုးလေး တွေစုပြီး တစ်ပတ်တစ်ခါ မိဘမဲ့ကလေးတွေ အလှူခံထွက်တိုင်း ဖယောင်းတိုင်လေးတွေဝယ်ပြီးလှူတယ်

ဖွားဖွားပြောဖူးတယ် ဖယောင်းတိုင်လှူပြီး ပညာတတ်ကြီးဖြစ်ဖို့ဆုတောင်းရတယ်တဲ့

ပညာဆိုတာအလင်းရောင်တဲ့ ဘယ်လိုနေရာ ပဲရောက်ရောက် ထွန်းလင်းခွင့် ပေးတယ်တဲ့

 ဒါကြောင့်ဖယောင်းတိုင်လေးတွေလှူပြီး ပညာတတ်နိုင်သလောက် သင်ခွင့်ရဖို့ဆုတောင်းတယ်။

တခါတခါအချိန်အားလို့ ဖွားဖွားခိုင်းစရာမရှိရင် အိမ်စာတွေပြီးသွားရင် သူတို့နဲ့အတူတူ အလှူခံလိုက်ထွက်တယ် ။

တကယ်တော့ကျွန်မတို့မောင်နှမလည်း မိဘတစ်ခြမ်းပဲ့လေးတွေပါ သူတို့နဲ့ယှဉ်ရင် နဲနဲသာနေသေး တယ်ဆိုပါတော့ ။

 မေမေ အစားဖွားဖွားကပဲ မေမေပေါ့ ။ ဖွားဖွား ကပဲပြုတ်ရောင်းတယ် ။

ဖေဖေကတော့ တရုတ်ပြည်နယ်စပ်ကိုကုန်တွေပို့တဲ့ ကုန်တင်ကားကြီးမောင်းတယ် ။

တခါတခါ ဖေဖေရန်ကုန်ပြန်ရောက်ရင် ကားပေါ်မှာဖိတ်ကျန်ခဲ့တဲ့ ပဲတွေ အာလူး ကြက်သွန်တွေရော သွန်းပြီး အိပ်ကြီးကြီးနဲ့ဆွဲလာတတ်တယ် ။

ရန်ကုန်မှာတခါမှမမြင်ဖူးတဲ့ ထွားလိုက်တဲ့ ပဲကြီးတွေ ပိုးမပါတဲ့အာလူးဝင်းဝင်းစိုစိုကြီးတွေ ကြက်သွန် လုံးကြီးတွေဆိုလည်း ပိတ်ပေါက်ရင်တောင် ခေါင်းမူးသွားနိုင်တယ် ။

ဒါကကိုယ်တွေ့ မောင်လေးနဲ့စနောက်ရင်းမောင်လေးပြစ်ပေါက်တဲ့ ကြက်သွန်ဥကြောင့် ခေါင်းကိုအီစိမ့် သွားတာပဲ ။

အဲဒါတွေရံဖန်ရံခါစားရလို့ ကျွန်မတို့မောင်နှမတွေ ထွားနေတာလို့ရပ်ကွက်ထဲကပြောကြတယ် ။ သူတို့အဲလိုပြောတိုင်း ဖွားဖွားစိတ်မဆိုးပဲ ကျေကျေနပ်နပ်ကြီးပြုံးနေတတ်တယ်။

ဖေဖေ ပြန်လာတိုင်းပြောပြတတ်တဲ့ မြန်မာနိုင်ငံရဲ့ သဘာဝအလှအပတွေ တောင်းတန်းတွေ လွင်ပြင်တွေ မြစ်ချောင်း အင်းအိုင်တွေအကြောင်း ခဏခဏပြင်ပေးရတဲ့ လမ်းတံတားတွေအကြောင်း ။

မှောင်မဲနေတဲ့ဟိုင်းဝေးလမ်းတွေမှာ သူရဲခဏခဏခြောက်ခံရတဲ့အကြောင်း ။

အသစ်တွေဖြစ်သွားတဲ့  ပုံဂံဘုရားတွေအကြောင်း ။

အဲဒီတော့ကျွန်မက အဟောင်းတွေကိုသစ်အောင်လုပ်ပေးတာ ကျေးဇူးတင်စရာကောင်းတာပေါ့လို့ ပြောတော့

ဖေဖေ ခဏတွေဝေသွားပြီး

အင်း ဒါဆိုသမီးကြီးမေမေ လွန်ခဲ့တဲ့ငါးနှစ်ကျော်ကဝယ်ပေးခဲ့တဲ့ ဒန်အိုးအဟောင်းလေးကို အဟောင်း တွေလဲ ပေးတဲ့  ကုလားဆီမှာအသစ်လေးတွေနဲ့ လဲနိုင်လားသမီးတဲ့

အဲဒါလေးတွေက ဟောင်းသွားပေမဲ့ ဘယ်တော့မှပြန်မရနိုင်တော့မဲ့ မေမေ့ရဲ့လက်ဆောင်လေ ........

ဖေဖေ့မေးခွန်းအဆုံး ကျွန်မဒေါက်ခနဲ ခပ်သွပ်သွပ်လေးဖြေလိုက်မိတယ်

“ဟင့်အင်းဖေဖေ သမီးမလဲချင်ဘူး”

အဲဒီတော့ဖေဖေ ကျွန်မကိုကြည့်ပြီး ကျေကျေနပ်နပ်ကြီးပြုံးတယ်။

တကယ်တော့ ကျွန်မ ဖေဖေ့အမေးကိုသေသေချာချာမသိပါ စဉ်းလည်းမစဉ်းစားမိပါ ။

စိတ်ထဲဖြစ်ပေါ်လာတဲ့အတိုင်းဖြေလိုက်မိခြင်းသာ ။

ဖေဖေအပြုံးနောက်မှာ ကျွန်မရော နားထောင်နေတဲ့ ဖွားဖွားရော သူငယ်တန်းကျောင်းသားမောင်လေးေ၇ာ ပြုံးရယ်လိုက်ကြပါတယ် ။


ဆက်ပါဦးမည်  ။



Wednesday, September 22, 2010

ငပေ့ ပုံပြင်



နှောင်းသွားပေမဲ့ မဟောင်းသေးတဲ့အတိတ်

သူ့မှာရှိသလို ငါ့မှာလည်းရှိရဲ့

အရာရာတိုင်းကသူဖာသာသူစုန်ချီဆန်ချီ

တည်ဆောက်လိုက်ဖြိုချလိုက်

ရာသီစာတွေစားရင်း

အီလည်လည်ဖြစ်နေတဲ့ အချိန်က

ညှီဆော်မနံခဲ့တဲ့ ငါတို့အတိတ်ကိုလှောင်ပြောင်တယ်

ဘယ်တော့မှကျင့်သားမရမဲ့တူတူ

သံရောင်လိုက်ပြီးလည်းနေမပြချင်တော့ဘူး

ဥသြ ဆွဲနေပြီ… ဒါပေမဲ့ ငါ

ဆိုက်ပြီးသားဆိပ်ကမ်းကမထွက်ခွာနိုင်ခဲ့ဘူး

စိတ်ကိုရော ရုပ်ကိုရော အနားပေး ပါဦး


တစ်ခါတုံးက ပရိတတ္တိ ပဋိပတ္တိ ကျွမ်းကျင်တဲ့ ဆရာတော် တစ်ပါးရှိတယ်။ ဆရာတော်က စာလည်း ချပါတယ်။ တရားလည်း ဟောပါတယ်။ သံဃာ့ အဖွဲ့အစည်းတွေ၊ ပရဟိတ အဖွဲ့အစည်း တွေမှာလည်း ပါနေတော့ အစည်းဝေးပွဲတွေ မကြာခဏ တက်နေရပါတယ်။ ဆိုလိုတာကတော့ နေ.စဉ် အလုပ်များ နေတဲ့ ဆရာတော်ပါ။

တစ်နေ.တော့ ဆရာတော်မှာ နှလုံးရောဂါ ပုံစံမျိုး ရောဂါတစ်ခု ၀င်လာပါတယ်။ ဆရာဝန် ပြကြည့်တော့ ဆရာဝန်က ဘာပြောလဲဆိုတော့ “ ဆရာတော် နှလုံးရောဂါ ဖြစ်ချင်တဲ့ ပုံစံပါပဲ ဘုရား၊ ဒါကြောင့် ဆရာတော် ဘာအလုပ်မှ မလုပ်ပဲ တစ်လလောက် အနားယူပေးပါ ဘုရား။ စာလည်း မချပါနဲ့၊ စိတ်ကိုလည်း အနားပေး၊ ရုပ်ကိုလည်း အနားပေး ပါဦးဘုရား “ လို့ လျှေက်တင်ပြီး သောက်ဆေးလည်း ပေးလိုက်ပါတယ်။

ဆရာတော် ကလည်း ဆရာဝန် ပြောတဲ့ အတိုင်းပဲ တစ်လလောက် အနားယူ လိုက်ပါတယ်။ ဒီတစ်လ အတွင်း စာလည်းမချ၊ တရားလည်း မဟော၊ သာရေး နာရေး မလိုက်ဘဲနေ နေလိုက်တယ်။ ဒီတော့ ဘာအလုပ်မှ အလုပ်ရတော့ အချိန်တွေက တစ်အားပိုနေပါတယ်။ တခြား ဘာမှ လုပ်စရာ မရှိတာနဲ့ တရားပဲထိုင် အားထုတ်ပြီး နေလိုက်ပါတယ်။ ဆရာတော်က တရား အားထုတ်ရင်းနဲ့ စိတ်ထဲမှာလည်း ကျေကျေနပ်နပ် နဲ့ ၀ိပသနာ ဥာဏ်စဉ်လေးတွေ ၀င်လာပါတယ်။

တစ်နေ့တော့ ဆရာတော်ရဲ့ သူငယ်ချင်း ဆရာတော် တစ်ပါးကြွ လာပါတယ်။ ကြွလာတာကတော့ လူနာမေး ကြွလာတာပါ။ စကားတွေ ပြောကြရင်းနဲ့ ရောဂါဖြစ်နေတဲ့ ဆရာတော်က ဘာပြောသလဲဆိုတော့ “ ဆရာတော်ရယ် တပည့်တော် ဒီရောဂါ ဖြစ်လိုက်တော့ စာလည်းမချရ၊ တရားလည်း မဟောရ၊ သာရေး နာရေးလည်း မလိုက်ရ ဆိုတော့ အချိန်တွေက ပိုနေတယ် ဘုရား။ တရားမှတ်ရင်းနဲ့ ဥဏ်စဉ် လေးတွေ ထိုက်သင့် သလောက် ၀င်လာတော့ စိတ်ထဲလည်း အေးအေးချမ်းချမ်း ရှိလာတယ် ဘုရား။ အဲဒါ တပည့်တော် ဘယ်လိုစဉ်းစား မိလဲဆိုတော့ ငါ ဒီရောဂါသာ မဖြစ်ရင် ဒီလိုတရား အားထုတ် ဖြစ်မှာ မဟုတ်ဘူး။ ရောဂါဖြစ်လို့ တရားအားထုတ် ဖြစ်တာလို့ စဉ်းစားမိတယ် ဘုရား။ ပြီးတော့ ဒီရောဂါ ဖြစ်တာတောင် ကျေးဇူးတင်နေ မိတယ်ဘုရားလို့ လျှေက်ပြပါတယ်။


ဒီတော့ သူငယ်ချင်း အာဂန္တု ဆရာတော်ဘုရားက ဘာပြန်ပြောလဲ ဆိုတော့ ကပ်ကြီး ဆိုက်တော့ လဒ်ကြီး တိုက်တာပေါ့ လို့ ပြန်ပြောလိုက် ပါသတဲ့။ ကျောင်းထိုင် ဆရာတော်လည်း အာဂန္တု ဆရာတော် ပြောတဲ့ “ကပ်ကြီးဆိုက်တော့ လဒ်ကြီး တိုက်တာပေါ့ “ ဆိုတာကို သိပ်သဘောကျ သွားပါသတဲ့။ ဒါဟာ ရေဂါဝေဒနာက ၀ိပဿနာ ကုသိုလ် ဖြစ်ဖို့အတွက် ကျေးဇူး ပြုလိုက်တာပါ။ ရောဂါ ဖြစ်စရာကို ကျေးဇူးတင်စရာ ဖြစ်သွားပါပြီ။ တကယ်တော့ ၀ိပဿနာ တရားဟာ နေရာတိုင်း မှာ အသုံးပြုလို့ ရ ရ နေတာပါ။



ဒီလို အပြုအမူလေးတွေ ပြုမူနိုင်ဖို့ ဆိုတာကလည်း ကိုယ့်မှာ တရား ဗဟုသုတ လေးတွေ ရှိနေမှပါ။ တရားဗဟုသုတ မရှိပြန် ရင်လည်း အော်လို့ပဲ ငြီးနေရမှာပါ။ တရား ဗဟုသုတ လေးတွေ ရှိဖို့ အလွယ်ကူဆုံး ကတော့ စာဖတ်တာပါပဲ။ ပြသနာ ကြုံတဲ့ အခါမှာ ကိုယ်ဖတ်ထားတဲ့ တရားဗဟုသုတ လေးတွေကို ပြန်နှလုံးသွင်းပြီး ကျင့်သုံး သွားလို့ရပါတယ်။


ကိုယ်သိထားတဲ့ ဗဟုသုတ လေးတွေနဲ့ အပြင်မှာ လက်တွေ. တစ်ခါ အသုံးချ ကြည့်ဖြစ်တိုင်း တော်တော် ဟုတ်တဲ့ ငါပါလား ဆိုပြီး ကိုယ့်ကိုယ် ကိုယ် သိပ်အားရ ကျေနပ်ရတာပါ။



လူ့လောကမှာ အပူဖြစ်စရာတွေ အများကြီး ရယ်ပါ။ ကိုယ့်မှာ နှလုံးသွင်းစရာ တရား ဗဟုသုတ တစ်ခုခု ရှိနေပါမှ။ မရှိရင် သိပ်ပူလောင် ရတာပါ။


အဓိက ရည်ရွယ်ချက် ကတော့ အာရုံဆိုးတွေနဲ့ တွေ.တဲ့အခါ နှလုံးမသွင်း တတ်ဘဲ အမှားတွေ ကျုးလွန် မိမှာဆိုးလို့ပါ။

လောဘကြောင့်သေ ပြိတ္တာပြည်။ ဒေါသကြောင့်သေ ငရဲပြည်။ မောဟကြောင့်သေ တိရစ္ဆာန်ပြည်။ အားလုံး ကြားဖူးတဲ့ စကားလေးပါ။
ရောဂါ ဝေဒနာ ဖြစ်လာတဲ့အခါ ကိုယ်ခံစား နေရတာကို အာရုံပြုရင်း ကိုယ်ချင်းစာစိတ် မွေးပြီး “ ငါခံစား နေရသလို သူလည်း မခံစား ရပါစေနဲ့ “ လို့ မေတ္တာပွား တဲ့နည်းကလည်း တစ်မျိုး ကောင်းပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ လက်တွေ. အသုံးချ ကြည့်လို့ ရလို့ပါ။ ရောဂါ ဝေဒနာ ကြီးကြီးမှတင် မဟုတ်ပါဘူး၊ ဥပမာ ခေါင်းကိုက် နေရင်လည်း “ငါ ခေါင်းကိုက်တဲ့ ဝေဒနာ ခံစားရသလို သူလည်း မခံစား ရပါစေနဲ့ လို. “ မေတ္တာ ပွားလို့ရပါတယ်။


လူတစ်ယောက်ရဲ့ ဘ၀မှာ ကုသိုလ်စိတ် အစဉ်သဖြင့် ဖြစ်နေဖို့ သိပ်အရေးကြီးတာ ဆိုတော့ ကိုယ့်ရင်ထဲမှာ မေတ္တာစိတ် ဖြစ်နေရင်လည်း ကုသိုလ်စိတ် ဖြစ်နေတာပါ။ အဲဒီ စိတ်ကလေးနဲ့ ဖြတ်ကနဲ သေသွားရင်တောင် ကောင်းတဲ့ဂတိ တစ်ခုခု တော့ ရောက်သွားမှာ အသေအချာပါပဲ။ ဝေဒနာ ဖြစ်လာပြီဆိုရင် ကိုယ့်မှာ တရား ဗဟုသုတ လေးတွေရှိမှ အဲဒီ တရားဗဟု သုတလေး တွေနဲ့ နေနေ မှ အဆင်ပြေတာပါ။



လူတိုင်း မဟုတ်ပေမဲ့ တစ်ချို. ကုလို့မရတော့တဲ့ ရောဂါတွေ ၀ိပဿနာ တရား အားထုတ်ရင်း ပျောက်သွားတဲ့ သာဓကတွေ ကိုယ်တွေ. ဖြစ်ရပ်တွေကို စာတွေထဲမှာ ပြန်ရေးပြထား တာတွေ ဖတ်ကြ ရဖူးမှာပါ။ တစ်သက်လုံး နာလာခဲ့တဲ့ဒူး တရား အားထုတ်လိုက်မှ ပျောက်သွားတာ၊ ဗိုက်ထဲက အလုံး တရားအား ထုတ်ရင်း ပျောက်သွားတာ စသဖြင့် အများကြီးပါပဲ။


တစ်ချို.ရောဂါ ဝေဒနာတွေဟာ စိတ်ဆင်းရဲမူ့ကြောင့် ရောဂါ ပိုဆိုးသွားရတာတွေ အများကြီး ရှိပါတယ်။ ရောဂါ ဖြစ်နေတဲ့ အချိန်မှာ စိတ်ချမ်းသာဖို. သိပ်အရေးကြီး ပါတယ်။ စိတ်ချမ်းသာ ဖို့ အတွက် ၀ိပဿနာ တရားက သိပ်အဓိက ကျတာပါ။


စိတ်ဆင်းရဲတယ် ဆိုတာ ရင်ထဲမှာ အကုသိုလ် ကိလေသာ တစ်ခုခု ၀င်နေလို့ပါ။ ၀ိပဿနာ တရား မှတ်နေရင် အကုသိုလ် ကိလေသာတွေ တဒင်္ဂ ငြိမ်းနေတာပါ။ ရင်ထဲမှာ အကုသိုလ် ကိလေသာတွေ ငြိမ်းနေရင် စိတ်ချမ်းသာ နေရတာပါ ။ ဒါကြောင့် ရောဂါ ဝေဒနာ ဖြစ်လာရင် စိတ်မဆင်းရဲဖို့ ၀ိပဿနာ တရားလေးကို အထောက်အကူ အဖြစ် ယူထား သင့်ပါတယ်။


ခန္ဓာ ရှိနေတဲ့ အတွက် ဝေဒနာကလည်း ရှိနေမှာပါ။ ခန္ဓာ မရှိမှသာ ဒီဝေဒနာက မရှိတော့မှာ။ ခန္ဓာ မရှိဖို့ အတွက်လည်း ဒီခန္ဓာ ကိုယ်ကြီးကိုပဲ ပြန်အားကိုးရမှာ၊ ပြန်အသုံးချ ရမှာပါ။ ဘာပဲပြောပြော လူ့ဘ၀ ရနေတာ သိပ်ပြီး ကံကောင်းနေတာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ လူ့ပြည်မှာ စိတ်ကြိုက် ကုသိုလ်တွေ ပြုခွင့် ရနေလို့ပါ။ ဒါနပဲ ပြုပြု၊ သီလပဲ ဆောက်တည် ဆောက်တည်၊ ပရဟိတပဲ လုပ်လုပ် ၊ သမထပဲ ပွားပွား၊ ၀ပဿနာ ပဲပွားပွား ကိုယ်ကြိုက်ရာကို ကြိုက်သလို ပြုခွင့် ရနေလို့ပါ။


အချစ်ကြောင့် သောက ရောက်လို့ပဲ အားထုတ် အားထုတ် ၊ ပါရမီဖြစ် ကုသိုလ် ဖြစ်ပဲ အားထုတ်၊ အားထုတ်၊ စိတ်ချမ်းသာ ဖို့ သက်သက် အတွက်ပဲ အားထုတ် အားထုတ်၊ စိတ်ဆင်းရဲ မူ့တွေ ပျောက်ဖို. အတွက်ပဲ အားထုတ် အားထုတ်၊ဘယ်လို အကြောင်းကြောင့် ပဲအားထုတ်၊အားထုတ် ၀ိပဿနာ တရား အားထုတ် ဖြစ်နေတာကိုက လူ.ဘ၀ ရခိုက်မှ အဓိပ္ပါယ် ရှိတဲ့ အလုပ်ကို လုပ်နေတာပါပဲ။


အချစ် မရှိတဲ့ တစ်နေ. သောအခါ ဖြစ်အောင် ကိုယ်ဆီ ကြိုးစားရမှာပါ။ ဘယ်တော့ ရောက်ဖြစ်ကြမယ် ဆိုတာကတော့ မသိပါဘူး။ သံသရာ အဆက်ဆက် ချစ်ခဲ့ရတဲ့ အချစ် တွေကလည်း မနည်းတော့ ပါဘူးလေ။ ဘာပဲပြောပြော အချစ်မရှိတဲ့ တစ်နေ.သောအခါ ဖြစ်ဖို.အတွက် ၀ိပဿနာ တရားမှ တစ်ပါး အခြားမရှိ တာတော့ အမှန်ပါပဲလေ။

အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)

အချစ်နှင့် ၀ိပဿနာ စာအုပ်မှ ကူးယူ ရေးသား ဓမ္မဒါန ပြုပါသည် ။

ဝင်ခံချက် ။ ။ အချိန်ရတိုင်းဖတ်မိနေကြ စာတစ်ပုဒ်ဖြစ်လို့ ကိုယ့် Blog ပေါ်ကူးယူဖော်ပြခဲ့ခြင်းဖြစ်ပါသည် ။

မူရင်းကို ဒီကဖတ်နိုင်ပါတယ်  http://www.myshwemandalay.com/2010/06/blog-post_08.html

Sunday, September 5, 2010

တစ်သက်လုံး အမှတ်တရ တရားတော်

ဓမ္မဒူတ အရှင်ဆေကိန္ဒ ဆရာတော်


၂၀၁၀ ခု၊ သြဂုတ်လတွင် ဟောကြားတော်မူသော

တစ်သက်လုံး အမှတ်တရ တရားတော်များ (၁-၁၀)







တစ်သက်လုံး အမှတ်တရ တရားတော် (၁)   http://ifile.it/eqf61s2/2010_August-01.mp3



တစ်သက်လုံး အမှတ်တရ တရားတော် (၂)  http://ifile.it/sdbyq34/2010_August-02.mp3



တစ်သက်လုံး အမှတ်တရ တရားတော် (၃)  http://ifile.it/39zhxiv/2010_August-03.mp3



တစ်သက်လုံး အမှတ်တရ တရားတော် (၄) http://ifile.it/au17m3y/2010_August-04.mp3

တစ်သက်လုံး အမှတ်တရ တရားတော် (၅) http://ifile.it/eairq9g/2010_August-05.mp3


တစ်သက်လုံး အမှတ်တရ တရားတော် (၆)  http://ifile.it/bxsae9j/2010_August-06.mp3


တစ်သက်လုံး အမှတ်တရ တရားတော် (၇)   http://ifile.it/92w14lo/2010_August-07.mp3 


တစ်သက်လုံး အမှတ်တရ တရားတော် (၈)  http://ifile.it/tp4yksi/2010_August-08.mp3


တစ်သက်လုံး အမှတ်တရ တရားတော် (၉)  http://ifile.it/iorsk2v/2010_August-09.mp3


website link ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမကျောင်းတိုက် MP3 တရားတော်များ

၂၀၁၀-သြဂတ်လ တရားစခန်း  http://www.dhammadutaonline.com/index.php?option=com_content&view=article&id=170:2010-08-28-01-53-52&catid=58:mp3-&Itemid=112

Ps; forward ပို့ပေးတဲ့ မမင်းကိုကျေးဇူးတင်ပါတယ်လို့ .........................