Friday, July 2, 2010

အချစ် နှင့် သူမဧ။် အထုပ္ပတိ (၁)



သူမသည် အရောင်အသွေးစုံစွာ အလှအပ များ မွမ်းမံ၍ သူတကာကို အမြင်အာရုံ ဖြင့် ဆွဲဆောင်တတ်သော အရာမဟုတ်..
သူမသည် မေွးှ ကြိုင် ထုံအီစွာ ယစ်မှူး ပျော်ဝင်စေ၍ သူတကာကို အနံ့အာရုံ ဖြင့် ဆွဲဆောင်တတ်သော အရာမဟုတ်..
သူမသည် သာယာငြိမ့်ညောင်းသော တေးသွားတို့ကိုသီကျူး၍ သူတကာကို အကြား အာရုံ ဖြင့် ဆွဲဆောင်တတ်သော အရာမဟုတ်…
သူမသည် ချိုမြ အီစိမ့် ၍ သူတကာကို အရသာ အာရုံ ဖြင့် ဆွဲဆောင်တတ်သော အရာမဟုတ်…
သူမသည် အိစက် နူးညံ့ ပျော့ပျောင်း ၍ သူတကာကို အတွေ့အထိ အာရုံ ဖြင့် ဆွဲဆောင်တတ်သော အရာမဟုတ်…
သူမသည် အမြင် အနံ့ အကြား အရသာ အတွေ့အထိ ဘာ အစွမ်း သတ္တိ တစ်ခုမှမရှိသော " နာမည်ခံ ဒြပ်မဲ့ " တစ်ခုသာဖြစ်သည် ။
အမြင် အနံ့ အကြား အရသာ အတွေ့အထိ ကို လူတွေ ကိုယ်တိုင် ဖန်တီး ကိုယ်တိုင် မွေးမြူ ကိုယ်တိုင် သိမ်းဆည်း ပြီး ကိုယ်ဖာသာကိုယ် စွဲလန်း ယစ်မူးခုံမင် နေကြခြင်းသာဖြစ်သည် ။
သူမသည် ဘာမှမဆီ မဆိုင် တရားခံ အဖြစ်ရုံးတင် ခံရ သော သက်သေခံ တစ် ယောက် ဖြစ်သည် ။
သူမသည် ဘာမှမဆီ မဆိုင် လက်ညှိုးထိုးအပြစ်တင် ခံရ သော အစွတ်စွဲ ခံ တစ် ယောက် ဖြစ်သည် ။
သူမသည် ဖန်တီးမှုဧ။် အမည် နာမ တစ်ခုသာ ဖြစ်သည် ။
ကိုယ်တိုင် ဖန်တီး ထားသော နွံ ထဲတွင် မရှူနိုင် မကယ်နိုင် မရုန်းနိုင် ဖြစ်မှ ဒီ အချစ် ကြောင့်ရယ်လို ခေါင်းစဉ်လှလှတတ်လိုက် ကြခြင်း သာ။ ။
အချို့က အချစ်က လူကို စားသည် တဲ့ မှားတယ် X (၁၀၀ %)
လူတွေက အချစ် ကိုစားသည် မှန် တယ် (၁၀၀%)
အချစ်သည် လူတွေရဲ့ စိတ်အာရုံ အလိုက် အရောင်ပြောင်းလိုက် ငွေ့ရည်ဖွဲ့လိုက် ရွာချလိုက် ဖြင့် လူတွေရဲ့ ဘဝထဲ အစီးမျောခံ မြစ်တစ် စင်း ဖြစ်သည် ။
အချစ်သည် လူတွေရဲ့ စိတ်အာရုံ ပုံစံခွက်အလိုက် သဏ္ဍန်ပြောင်းလဲ တတ်သော လူတွေ အသက်ဆက်ဖို့ မရှိမဖြစ် ရေ ဖြစ်သည် ။
အချစ်သည် မပြောင်းလဲတတ်ပါ လူတွေကသာ ပြောင်းလဲ နေခြင်းဖြစ် သည် ။

No comments:

Post a Comment