Friday, July 9, 2010

Singapore Sky Park

Marina Bay Sands (Hotel, Resort and Casino) ကို June ၂၄ မှာဖွင့်တယ် ။ Hotel နဲ့ Casino ကတော့လုံးဝပြီးသွားပါပြီ။ Resort ကတော့ ဆောက်လုပ်ဆဲပဲ။
Hotel မှာ တစ်ညတည်းခ(single room) ကို S$ ၅၀၀ တဲ့ (ဟိုတယ်ဝန်ထမ်းစီက စပ်စုခဲ့တာပါ)
အသေးစိပ်ကို ဒီမှာကြည့် http://www.marinabaysands.com
Sky Park ကိုသွားချင်တဲ့သူတွေခဏအောင့်ထားကြဦးနော် Sky Park သွားဖို့ S$ ၂၀ နဲ့သိပ်မတန်လှဘူး ( ကပ်စေးနဲမ ကျွန်မအထင်ပါ )

ကျွန်မရောက်တဲ့ ၄ရက် July နေ့ထိ
ကြမ်းခင်းတွေကအချောမသတ်ရသေးဘူး



ပြီးတော့ ဆောက်လုပ်ရေးပစ္စည်းတွေတောင်သေချာမသိမ်းဆည်းကြသေးဘူး။ သန့်ရှင်းရေး မလုပ်ရသေးဘူး ၊အပင်တွေလည်း ကကြိုးကကြောင် နဲ့အလှလည်းမဆင်ရသေးဘူး ၊( ဓါတ်ပုံရိုက်ဖို့မေ့သွားတယ် )



ဒါက Sky Park ပေါ် ကရေကူးကန်ပါ ။ လှတော့လှတယ်။ အဲ ဒီရေကူးကန် ကိုကြည့်ပြီး..... ရုတ်တရက်တိုက်အစွန်းဘက်မှာကာထားတဲ့ ရေကူးကန် နံရံသာကွာကျ သွားခဲ့ရင်........ လူတွေအကုန် ရေတွေနဲ့ မျောပါ အို.....ဘယ်လောက်ကြည့်လို့ကောင်းလိုက်မဲ့ ရုပ်ရှင်ကားတစ်ကားလည်းနော်......
Marina Bay Sands ပိုင်ရှင်တော့ ကျွန်မ ကို ကြိမ်ဆဲတော့မှာပဲ



ကိုအတွေးနဲ့ကို ရေမကူးရဲတော့ပဲ ရေကူးကန်ဘေးမှာ ဓါတ်ပုံရိုက်ခဲ့တာပါ...


မြေညီထပ်က အစိမ်းရောင်ပန်းအိုးကြီးတွေ အခြား အလှဆင်ထားတာတွေကတော့ တောတောလေးလှတယ်



ပြီးတော့ ရေပေါ်Marina Bay Sands အဆောက်အအုံ အောက်ဆုံးထပ် အလွှာမှာမြစ်လေးတစ်ခုလိုဆောက်လုပ်ထားပြီး
အပျော်စီး (Sampan Rides ) လက်လှော်လှေလေးတွေ စီးပြီး Marina Bay တလျှောက် ဟိုဟိုဒီဒီ ကြည့် လို့ရတယ်
ကိုယ်တိုင်လှော်စရာမလိုပါ လှေလှော်သမားရှိပါတယ် ကိုယ်ကဇိမ်နဲ့လိုက်စီးရုံပဲ (အလကားမဟုတ်ပါ -Pay More Service More, Singapore Style)




Sky Park ပေါ်က နေSingapore ရဲ့တောင် မြောက် ရှေ့နောက် မျက်စိတဆုံး မြင်နိုင်တယ် ။
( Sky Park ဖွင့်ပြီး Singapore ဘယ်လောက် ကျဉ်းကြောင်း ကြေငြာတာထင်ပါရဲ့ ၊ စကားမစပ် တို့ပြည်မြန်မာရဲ့ကျိုက်ထီးရိုးတောင် ပေါ်က သဘာဝရှူခင်းကအစတစ်ထောင်ပိုလှမယ်ထင်တယ် )၊











Sky Park ပေါ်က နေ့ရှူခင်းထက် ညရှူခင်းကပိုလှတယ် ။



1 comment:

  1. ဟေ... ကျေးဇူးပဲ တစ်ခေါက်တော့သွားစပ်စုလိုက်မယ်

    ReplyDelete