Friday, July 30, 2010

ဆန္ဒ (ဆုတောင်း)

  
  • ဘဝဆိုတာ ချိုမယ် ခါးမယ် မသေချာဘူး
           
           ခပ်တိုတိုလေးပဲ


           တတ်နိုင်သလောက် မြင့်မြင့်ပျံနိုင်ပါစေ ။ ။


  •  အချစ်ဆိုတာ ကြင်နာမယ် နာကျင်မယ် မသေချာဘူး


          သက်ရောက်မှုလေးတစ်ခုပဲ


         ရင်ထဲရှိသလောက် ရိုးရှင်း ရိုးသား နိုင်ပါစေ ။ ။


  • သူငယ်ချင်းဆိုတာ ကောင်းမယ် ဆိုးမယ် မသေချာဘူး


        ပတ်သက်မှုလေးတစ်ခုပဲ


        စွမ်းသလောက် လက်ခံ နားလည် ကူညီ နိုင်ပါစေ ။ ။


  •  ရှင်သန်နေထိုင်ခြင်း ဆိုတာ ဒီနေ့ မနက်ဖြန် မသေချာဘူး


         ဖန်ခွက်လေး တစ်လုံးပဲ


         ဖြစ်နိုင်သလောက် ဖန်ခွက်ထဲကရေ သန့်စင် ကြည်လင် နိုင်ပါစေ ။ ။

2 comments:

  1. ညီမလေးရေ
    မမင်းလည်း ကိုယ့်ဘလော့လည်းပြစ်ထား ဘယ်ဘလော့ဆီမှလည်း မသွားဖြစ်တာနဲ့ စိတ်ရှိပြီး လူအရောက်နောက်ကျတာ ခွင့်လွှတ်ပါနော်။ စ စချင်းဒီ စိတ်အာဟာရလေးကို ဖတ်ရတာ ကျေနပ်သွားတာပဲ... တော်လိုက်တာကွယ်။

    ReplyDelete
  2. ကျေးဇူးပဲ မမင်းရေ ...

    ReplyDelete