Tuesday, July 20, 2010

မျက်မှန်လေး နဲ့ ပြုံးပါ

အသိဥာဏ်ဆိုတဲ့ မှန်ဘီလူးလေးက ကိုယ်မြင်သမျှကို အကောင်းအဆိုး ၊ အမှန် အမှား ၊ သင့်တော်ဧ။် မသင့်တော်ဧ။်

ရှင်းလင်းပြတ်သားစွာ မြင်စေတယ်။

ကိုယ့် ဦးနှောက် ၊ နဲ့ ကိုယ့် မြင်နိုင်စွမ်း ထက်ကျော်လွန်တဲ့ မဆီမလျှော် မှန်ဘီလူးဒီဂရီ တတ်မိရင်လည်း

အမြင်တွေရှုပ်ထွေး ၊ အမြင်ကတဆင့်အတွေးတွေရှုပ်ထွေး ၊ ဒီလိုနဲ့ အတွေးဝေးဝါး ပြီး

လုပ်သင့်သောအရာတွေမှာနှောင့်နှေးကြံ့ကြာစေတယ် ။ တခါတရံ ရွေ့ပင်

ရွေ့ငြားခရီးမပေါက်ဖြစ်နေတတ်တယ် ။

ဘောင်ဆိုတာလေးကတော့ လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရား ၊ တနည်းအားဖြင့်ပြောရရင် စည်းကမ်း ။

ကိုယ့်မြင်နေသမျှက သူ့ရဲ့ဘောင်လေးထဲမှာပဲထင်ထင်ရှားရှား မြင်ခွင့်ရတယ် ။ ဘောင်လေးကျော်တာနဲ့ ခပ်ဝါးဝါး

ခပ်မှုန်မှုန် စမ်းတဝါးဝါး လျှောက်လုပ်မိရင် ဒုက္ခရောက်မှာ ကိုယ်တိုင်ပဲလေ ။

ဘောင်လေးကျော်ပြီးကြည့်လိုက်တဲ့အမြင်ကြောင့် အတွေးအခေါ်တွေ မကြည်လင် မသန့်စင်တော့ဘူး

ညစ်ထေးကုန်တယ် ။ ခပ်ညစ်ညစ်အတွေးအခေါ် က တဆင့် လုပ်ရပ်တွေမမှန်ကန်တော့ဘူး ။ အဲဒီလုပ်ရပ်တွေကြောင့်
လူ့တန်ဖိုး မဲ့စေတယ်။

တနေ့နေ့ တချိန် ချိန် မှာတော့ တန်ဖိုး မဲ့တဲ့လုပ်ရပ်တွေက ကိုယ့်ဆီ တန်ပြန်လာမှာ အနှေးနဲ့အမြန်ပါပဲ ။

လူ့ဘဝဆိုတာဘယ်လောက်ကြာကြာနေခွင့်ရမယ် လို့ ဘယ်တန်ခိုးရှင်ကမှအာမခံချက်မပေးထားဘူးမဟုတ်လား ။

ဘယ်တွေဘယ်လို လုပ်လို့ ဘယ်လောက်ပဲရှိရှိ ဘာအရာကမှမသေချာဘူး ။

ဘာမှမသေချာပေမဲ့ သေချာတာတစ်ခုက အားလုံး ထားခဲ့ရမှာချည်းပဲ ။

တခါတခါ တော့ အဲဒီ့ မျက်မှန်လေး သိပ်မနှစ်သက်ကြဘူး ။

စိတ်လွတ်ကိုယ်လွတ် တွေးချင် ရာတွေး လုပ်ချင်ရာလျှောက်လုပ်ချင်မိကြမယ် ။

ကိုယ်အတွက် ဘယ်လောက် လွတ်လပ် ပျော်ရွှင်နေပါစေ ပတ်ဝန်းကျင် ကို ထိခိုက်စေမယ် ဆိုရင် ကို့ရဲ့ပျော်ရွှင် မှုဟာ

Negative Effect တွေရှိတယ် ဒါကြောင့် ဒါဟာပျော်ရွှင်မှုအစစ်အမှန် မဟုတ်ဘူး ။

ပတ်ဝန်းကျင် ကို အကျီးတန်ညစ်နွမ်းစေမယ်ဆိုရင် ဒါဟာ ဘောင်ကျော်ကြည့်နေတာပဲ ။

အဲဒီ့ ဘောင်တွေကြောင့် စိတ်မွမ်းကျပ် ကောင်း မွမ်းကျပ်လိမ့် မယ် ။ ဒါပေမဲ့ စိတ်လုံခြုံစေတယ် ။

လူလူတိုင်းမျက်လေးတွေ ကိုယ်စီ လိုအပ်တယ် ။

ဒါကြောင့် ဘောင်လေးထဲကပဲ ကြည်ကြည်လင်လင် ကြည့် ဖြစ်ကြပါစေလို့ ။ ကြည့် တတ်ကြပါစေလို့ ။

1 comment:

  1. SENODA လေးတော့ချန်ထားမယ်နော်
    ငါကြိုက်လို့ ကွ

    ReplyDelete